Connect with us

Hi, what are you looking for?

သတင်း

ကနီတွင်စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း​သေဆုံး​ကြောင်း KLG PDF (ကျောက်လုံးကြီး)​ ပြော

ထိုတိုက်ပွဲတွင် KLG မှ ရဲဘော် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးမှာစိုးရိမ်ရပြီးစစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို မသိရသေးပေ။

(KLG PDF ရဲဘော်များ။ ဓါတ်ပုံ-KLG)
(KLG PDF ရဲဘော်များ။ ဓါတ်ပုံ-KLG)

ကနီမြို့နယ်၊ ဘုမ္မဇင်းရွာမှ ချမ်းသာစုရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သား၁၅ ဦးထက်မနည်းသေဆုံးကြောင်းKLG PDF (ကျောက်လုံးကြီး)က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၂၃ ရက်) နံနက် ၈ နာရီခန့်တွင် KLG PDF(ကျောက်လုံးကြီး)၊ MPDF DEMO တပ်ခွဲ၊ ဒေသခံပကဖများနှင့်ပူးပေါင်ကာ မိုင်း ၊လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ချမ်းသာစုရွာနားအရောက်တွင် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

တိုက်ပွဲမှာ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ် ကောင်စီ ၁၅ ဦးထက်မနည်းသေဆုံးကာ သေဆုံးသွားသော စစ်ကောင်စီတပ်သားများကို ချင်းတွင်းမြစ်အတွင်းသို့ သဲအိတ်များနှင့်ဖိ၍မြှုပ်နှံခဲ့ ကြောင်းလည်း သိရသည်။

Public Service Announcement
Public Service Announcement

“ဒီမနက်တိုက်တဲ့စခစစ်ကြောင်းကမနေ့က(သြဂုတ် ၂၂ ရက်) ကင်းရွာကို ရဟတ်ယာဥ်နဲ့ တပ်ကူလာတဲ့အဖွဲ့။ဒီမနက်သူတို့ကဘုမ္မဇင်းရွာ ကနေ ချမ်းသာစုဘက်ကို စစ်ထိုးလာတာကို ကျွန်တော်တို့ စောင့်တိုက်ခဲ့တာ”ဟု KLG PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲအတွင်း ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းအသိပေးထားသည်။

ထို့အပြင် ယနေ့ နေ့လယ်ပိုင်းတွင် ယင်းမာပင် ရင်ပေါင်တိုင်ကျေးရွာသို့ တိုက်ခိုက်ခဲ့သော စစ် ကောင်စီစစ်ကြောင်းမှာ ကနီမြို့နယ် မုံရွာ-ယာကြီးလမ်းပိုင်း မိုင်တိုင် ၃၂ သို့ ရောက်ရှိချိန်တွင် KLG နှင့်အတူ ဒေသခံမဟာမိတ် များသွား ရောက်တိုက်ခိုက်ခဲ့ကြောင်းလည်း အထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

ထိုတိုက်ပွဲတွင် KLG မှ ရဲဘော် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးမှာစိုးရိမ်ရပြီးစစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့