Connect with us

Hi, what are you looking for?

သတင်း

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူရဲ့ မရမ်းကုန်းကအိမ်ကို စစ်ကောင်စီချိတ်ပိတ်

ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ကို ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ စစ်ကောင်စီက တရားစွဲထားပြီး ဝရမ်းထုတ်ထားပါတယ်။

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူရဲ့ မရမ်းကုန်းကအိမ်ကို စစ်ကောင်စီချိတ်ပိတ်
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူရဲ့ မရမ်းကုန်းကအိမ်ကို စစ်ကောင်စီချိတ်ပိတ်

သရုပ်ဆောင်ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့ရဲ့ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက်က နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီက ဒီနေ့ သြဂုတ်လ ၂၃ ရက်မှာချိတ်ပိတ်လိုက်ပါတယ်။

ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ကို ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ စစ်ကောင်စီက တရားစွဲထားပြီး ဝရမ်းထုတ်ထားပါတယ်။

အဲဒီနောက် ထွက်ပြေးတိမ်းရှောင်တယ်ဆိုပြီး ဝရမ်းထုတ်ကာ မရမ်းကုန်းမြို့နယ် တရားရုံးက ချိတ်ပိတ်ဖို့ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။

ဒီနေ့မှာ နေအိမ်ကိုချိတ်ပိတ်တဲ့ ဓာတ်ပုံမှတ်တမ်းတွေကို စစ်ကောင်စီရဲ့ သတင်းတွေကို ဝါဒဖြန့်ပေးနေတဲ့ ဖေ့ဘွတ်ခ်အကောင့်တွေမှာ တင်လာတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် ဦးကျော်သူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ နာရေးကူညီမှုအသင်း ရန်ကုန်က ရုံးချုပ်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေ ဖျက်ဆီးတာတွေလုပ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။