Connect with us

Hi, what are you looking for?

သတင်း

တစ်ဒေါ်လာ၃၁၀၀ကျပ်၊ ရွှေတစ်ကျပ်သား ၂၈သိန်းကျော်လာ

​ဒေါ်လာနှင့်​ရွေဈေးနှုန်းများ စံချိန်တင်မြင့်တက်နေသော်လည်းဈေးကွက်အတွင်း အခေါက်ရွှေတုံးများဝယ်ယူ၍မရကြောင်းလည်း ရွှေလုပ်ငန်းရှင်များက​ပြောသည်။

(ကျပ်​ငွေတန်ဖိုးသည် ဆယ်စုနှစ်များစွာအတွင်းမကြုံဖူး​အောင်​ဖောင်းပွ​နေသည်။ ဓါတ်ပုံ-Bloomberg)
(ကျပ်​ငွေတန်ဖိုးသည် ဆယ်စုနှစ်များစွာအတွင်းမကြုံဖူး​အောင်​ဖောင်းပွ​နေသည်။ ဓါတ်ပုံ-Bloomberg)

▪️မြန်မာစစ်တပ်ကို ICCတွင်တရားစွဲရန် အမရီကန်အစိုးရက​ထောက်ခံ​ကြောင်းထုတ်ပြန်ချက်​ကြောင့်​​​ဒေါ်လာနှင့်​ရွှေ​ဈေးခုန်တက်ဟုလုပ်ငန်းရှင်​ပြော

ပြည်တွင်း​ဈေးကွက်တွင်တစ်ဒေါ်လာလျှင်ယ​နေ့(သြဂုတ် ၂၅ရက် )ကျပ် ၃၁၀၀နှင့် ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၈သိန်းကျော်အထိဈေးတက်လာ​ကြောင်း​ဈေးကွက်အတွင်းမှသိရသည်။

ဩဂုတ်၁၃ ရက်တွင်တစ်ဒေါ်လာလျှင် ၃၀၀၀ ကျပ်အထိ​စံချိန်တင်ဈေးတက်ခဲ့ပြီး​နောက် စစ်​ကောင်စီက ​ဒေါ်လာဝယ်​ရောင်အချို့ကိုဖမ်းခြင်း၊ဖမ်းဆီးမည်ဟု ခြိမ်း​ခြောက်ပြီး​နောက် ၃၀၀၀ ကျပ်​အောက်​ခေတ္တပြန်ကျခဲ့သည်။ထို​နောက်ယခုရက်ပိုင်းဆက်တိုက်​ဈေးတက်လာရာ ယ​နေ့တွင် ၁ ​ဒေါ်လာ ၃၁၀၀ ကျပ်​ဈေးအထိ့ဘယ်တုန်းကမျှမ​ရောက်ဖူး​​​သောနှုန်းသို့ မြင့်တက်လာကာ ၊ကျပ်​ငွေတန်ဖိုးထပ်မံစံချိန်တင်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၂၈ သိန်ကျော်(၂,၈၁၀,၀၀၀)အထိဈေးတက်လာသည်ဟု ဈေးကွက်အတွင်းမှာ သိရသည်။

“ဒီနေ့ညနေပိုင်းအထိ ဒေါ်လာလိုက်ဝယ်နေကြတယ်။ တချို့နေရာတွေမှာ တစ်ဒေါ်လာ ၃၂၀၀ကျပ်အထိ ပေါက်ဈေးရှိတယ်”ဟု ဒေါ်လာအရောင်းအဝယ်လုပ်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဒေါ်လာဈေးသည် ယမန့်နေ့(သြဂုတ် ၂၃ရက်တွင်) တစ်ဒေါ်လာလျှင် ၂၈၀၀ကျပ်မှ ၂၉၀၀ကျပ်အထိသာပေါက်ဈေးရှိခဲ့သော်လည်း ယနေ့ နေ့လယ်ပိုင်းမှ စတင်ပြီး တစ်ဒေါ်လာလျှင် ကျပ် ၃၁၀၀ကျော်အထိ တဟုန်းထိုးမြင့်တက်ခဲ့ခြင်းဖြစ်သည်။

“မနက်က စစ်ခေါင်းဆောင်တွေကို လူမျိူးသုဉ်းသတ်ဖြတ်မှုနဲ့ ICCမှ တရားဆွဲမယ်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ထုတ်ပြန်တာကြောင့် ဈေးကွက်ထဲမှာ ဒေါ်လာနဲ့ရွှေဝယ်တဲ့သူများလာ။ ဘယ်လောက်များလဲဆိုတော့ ညဘက်အထိ လိုက်ဝယ်နေကြတုန်း”ဟု ဒေါ်လာအရောင်းအဝယ်လုပ်သူတစ်ဦးကပြောသည်။

အ​မေရီကန်အစိုးရက ကုလလုံခြုံရေး​ကောင်စီကICC သို့တင်သွင်း​​သောစစ်တပ်ကိုတရားစွဲဆိုရန် အကြံပြုချက်ကိုလည်း​ထောက်ခံ​ကြောင်းသြဂုတ် ၂၅ ရက်တွင်ထုတ်ပြန်သည်။

ထိုအပြင်ဒေါ်လာငွေစက္ကူအသစ်နှင့် နံပတ်စဉ်လိုက်ရှိသည့် ဒေါ်လာငွေစက္ကူထုတ်များမှာ ဈေးကွက်အတွင်း ကြိုက်ဈေးရနေသည်ဟု ဒေါ်လာအရောင်းအဝယ်လုပ်သူများကပြောသည်။

ပြည်တွင်းအခေါက်ရွှေဈေးမှာလည်း ယမန့်နေ့က တစ်ကျပ်သားလျှင် ၂၇ သိန်းခွဲခန့်သာရှိသော်လည်း ယနေ့နေ့လယ်ပိုင်းတွင် ၂,၈၁၀,၀၀၀ကျော်အထိမြင့်တက်လာ​သည်။

​ဒေါ်လာနှင့်​ရွေဈေးနှုန်းများ စံချိန်တင်မြင့်တက်နေသော်လည်းဈေးကွက်အတွင်း အခေါက်ရွှေတုံးများဝယ်ယူ၍မရကြောင်းလည်း ရွှေလုပ်ငန်းရှင်များက​ပြောသည်။

စစ်ကောင်စီ ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀နှင့် စစ်ကောင်စီထိန်းချုပ်ထားသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သား ၂,၀၆၂,၀၀၀ကျပ်သာ ဈေးဖွင့်ထားသည်။

လက်ရှိတွင် ဒေါ်လာနှင့်ရွှေမှာ ဝယ်လိုအားမနည်းသေးသောကြောင့် ဈေးဆက်လက်မြင့်တက်နိုင်သည်ဟု ဒေါ်လာနှင့်ရွှေအရောင်းအဝယ်လုပ်သူများကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။