Connect with us

Hi, what are you looking for?

သတင်း

အရာတော်တွင် စစ်ကောင်စီတပ်ကင်းစခန်းတစ်ခုကို လက်နက်ကြီးဖြင့်ထု

ကားနှစ်စီးအနက် တစ်စီးထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Danger Force LPDFအဖွဲ့၏ ထုတ်ပြန်ထားသည်။

(ကင်းစခန်းအား ပစ်ခတ်ခဲ့သည့် လက်လုပ်(၄၀) မမအား ရဲဘော်တစ်ဦးကပြသ နေစဥ်။ဓာတ်ပုံ - Danger Force LPDF)
(ကင်းစခန်းအား ပစ်ခတ်ခဲ့သည့် လက်လုပ်(၄၀) မမအား ရဲဘော်တစ်ဦးကပြသ နေစဥ်။ဓာတ်ပုံ - Danger Force LPDF)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ကင်းစခန်းတစ်ခုအား လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့က ပြောသည်။

ယနေ့ (သြဂုတ် ၂၅ရက်) မွန်းလွဲ ၁နာရီခန့်က အရာတော်​မြို့ အနောက်ဘက်အထွက်ရှိ ကင်းစခန်းတစ်ခုကို လက်လုပ်(၄၀)မမဖြင့် တစ်ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Danger Force LPDF အဖွဲ့က ပြောသည်။

“လက်လုပ် (၄၀) မမနဲ့ အနီးကပ် တစ်ချက်ပစ်ခတ်ခဲ့ပါတယ်။ စခဘက်က အချက် ပေါင်း ၃၀ ကျော် ရမ်းသမ်းပစ်ခတ်မှုတွေ ရှိပါတယ်။ မနက်က စစ်ဆင်ရေးနဲ့ မွန်းလွဲပိုင်းစစ်ဆင်ရေး နှစ်ခုလုံး သေဆုံးမှု ရှိပါတယ်။”ဟု Danger Force LPDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယနေ့ နံနက် ၈ နာရီ ၄၀မိနစ်အချိန်ကလည်း အရာ​တော်မြို့မှမောင်းနှင်လာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် Canter ကားနှစ်စီးအား ကမ်းဖြူကျေးရွာနှင့် တုံးတင်ကန်ကျေးရွာကြားတွင် ပ​ဒေသာမိုင်းငါးလုံးဖြင့်​ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ကားနှစ်စီးအနက် တစ်စီးထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Danger Force LPDFအဖွဲ့၏ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။