Connect with us

Hi, what are you looking for?

သတင်း

မြင်းမူထွေအုပ်ရုံး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

တိုက်ခိုက်ခံရပြီးနောက် လူနာတင်ယာဥ်တစ်စီး ထွေအုပ်ရုံးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

မြင်းမူထွေအုပ်ရုံး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
မြင်းမူထွေအုပ်ရုံး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား ယနေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (သြဂုတ် ၂၆ ရက်)နံနက် ၁၁နာရီခွဲခန့်က မြင်းမူမြို့အတွင်းရှိ ထွေအုပ်ရုံးအား ဒရုန်းဖြင့် ဗုံး နှစ်လုံးချ တိုက်ခိုက်သွားခြင်းဖြစ်ပြီး အနီးရှိ အထက်တန်းကျောင်းအတွင်းမှ စစ်ကောင်စီတပ်များက သေနတ်များဖြင့် ပစ်ဖောက်ခဲ့​ကြကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

တိုက်ခိုက်ခံရပြီးနောက် လူနာတင်ယာဥ်တစ်စီး ထွေအုပ်ရုံးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

မုံရွာ – မန္တလေးလမ်းပေါ်ရှိ မြင်းမူမြို့နယ်သည် စစ်ကောင်စီအား ခုခံတော်လှန်မှု အားကောင်းရာဒေသတစ်ခုဖြစ်ပြီး အကြမ်းဖက်ယာဥ်များကိုလည်း မကြာခဏမိုင်းခွဲ တိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။