Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှမြို့ပေါ် စွန့်ပစ်ထားသည့် အမျိုးသားအလောင်းနှစ်လောင်းမှာ သားအဖဖြစ်

သတ်ဖြတ်ခံရသူ နှစ်ဦး၏ မိသားစုနှင့်နီးစပ်သူ အခြားတစ်ဦးကလည်း လာရောက်ဖမ်းဆီးသည့် အဖွဲ့မှာ ပျူစောထီးအဖွဲ့သာ ဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်ဟု ဆိုသည်။

(သတ်ဖြတ်ခံရသည့် သားအဖနှစ်ဦး၊ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(သတ်ဖြတ်ခံရသည့် သားအဖနှစ်ဦး၊ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)

▪︎​​သားအဖမှာမော်လဝီဆရာနှင့် ​မော်လဝီ ၅ တန်းတက်​နေသူများဖြစ်ပြီး ၊ပျူများကဧည့်စာရင်းစစ်မည်ဆိုပြီးသားကိုPDFသင်တန်းဆင်းဟုစွပ်စွဲ၍ဖမ်းဆီးသွားခြင်းဟု​ဒေသခံ​ပြော

စစ်ကိုင်းတိုင်း ကျွန်းလှမြို့ပေါ်၌ ဩဂုတ် ၂၆ရက် နံနက်ပိုင်းကတွေ့ရှိခဲ့သည့် အမျိုးသားအလောင်းနှစ်လောင်းမှာ သားအဖများဖြစ်ကြပြီး ၎င်းတို့အား ပြည်သူ့ကာကွယ်ရေးတပ်(PDF) သင်တန်းဆင်းဖြစ်သည်ဟု ပြောဆိုကာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးများဟု ယူဆရသည့် လက်နက်ကိုင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူ၏ ပြောကြားချက်ကို ကိုးကား၍ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။

ကျွန်းလှမြို့၊ သစ်ရာမြိုင်စျေးတောင်ဖက်တွင် အသက်(၅၀)ဝန်းကျင်အရွယ် သေဆုံးနေသောရုပ်အလောင်းတစ်လောင်း၊မြို့၏ ဘူတာရှေ့တွင်လည်း လူငယ်တစ်ယောက်၏ ရုပ်အလောင်း တို့ကို တွေ့ရှိခဲ့ရာ သေဆုံးသူ နှစ်ဦးမှာ သားအဖတော်စပ်ပြီး ကျွန်းလှမြို့ သူဌေးကုန်းရပ်ကွက်၌ နေထိုင်ကြသူများဖြစ်သည်ဟု ဆိုသည်။

(သတ်ဖြတ်ခံရသည့် သားအဖနှစ်ဦး၊ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(သတ်ဖြတ်ခံရသည့် သားအဖနှစ်ဦး၊ဓာတ်ပုံ – ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ဖခင်ဖြစ်သူမှာ ဆရာတွာစင်(မော်လဝီဆရာ) နှင့် သားဖြစ်သူမှာ​မော်လဝီ ၅ တန်းတက်​နေ​သော ရာဇာထက်အောင်တို့ဖြစ်ပြီးနိုင်ငံရေးအရှုပ်အရှင်းကင်းစွာ အေးအေးဆေးဆေး နေထိုင်ကြသူများဖြစ်သည်ဟု ဖော်ပြသည်။

“အဖေက ကျန်းမာရေးမကောင်းဘူး၊မန္တလေးဆေးရုံဆင်းခဲ့တာလည်း မကြာသေးဘူး၊ကလေးက ကျောင်းတက်ပြီး တစ်ပတ်တစ်ခါပဲပြန်လာတာကို PDFသင်တန်းတက်တယ်လို့ စွပ်စွဲပြီး ည၁၀နာရီလောက်မှာလက်နက်ကိုင်(၇/၈)ယောက်ဝန်းကျင်လောက်က လာဖမ်းသွားတာ”ဟု မိသားစုနှင့် ဆွေမျိုးတော်စပ်သည့် ဒေသခံအချို့က ကျွန်းလှ တက်ကြွလှုပ်ရှာသူများ အဖွဲ့သို့ သတင်းပေးပို့လာကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သတ်ဖြတ်ခံရသူ နှစ်ဦး၏ မိသားစုနှင့်နီးစပ်သူ အခြားတစ်ဦးကလည်း လာရောက်ဖမ်းဆီးသည့် အဖွဲ့မှာ ပျူစောထီးအဖွဲ့သာ ဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်ဟု ဆိုသည်။

အခြား​ဒေသခံတစ်ဦးကလည်းစစ်ကောင်စီလက်​အောက်ခံ ပျူ​စောထီးများက”ဧည့်စာရင်း လိုနဲ့​ခေါ်ထုတ် လုပ်ပစ်ကြတာ” ဟု​ပြောသည်။

ထို​သို့အဖမ်းခံရပြီး​နောက်တစ်​နေ့တွင် သားအဖနှစ်ဦး၏ ရုပ်အ​လောင်းများကိုကျွန်းလှမြို့တွင်လူသွားလူလာစည်ကား​​သော ​ဈေးနှင့် ဘူတာအနီပျူ​စောထီများကစွန့်ပစ်သွားခဲ့ကြခြင်းဖြစ်သည်။

ယခု အသက်ဆုံးရှုံးခဲ့ရသည့် သားအဖ နှစ်ဦးအပြင် ဩဂုတ် ၂၅ရက်ညပိုင်းက ကျွန်းလှမြို့ပေါ်၌ အခြားသော ဖမ်းဆီးခံရသူများ ရှိပြီး ဖမ်းဆီးခံရခြင်း သို့မဟုတ် ပျောက်ဆုံးနေခြင်း အတိအကျမသိရ သေးသည့်သူများလည်းရှိနေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြသည်။

ကျွန်းလှ- ကန့်ဘလူမြို့နယ်အစပ်တွင် ဩဂုတ် ၂၃ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် ကျွန်းလှမြို့နယ်အတွင်း ကျေးရွာများသို့အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိပြီး ကျေးရွာများကို မီးရှို့ခြင်း၊ ဒေသခံ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ တပ်စွဲထားတဲ့ နေရာတွေမှာ တိုက်ပွဲဖြစ်နေတယ်လို့ သတင်းရပါတယ်။

သတင်း

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်ကစစ်ကောင်စီရဲ့မဲဇလီဆည်တော်ကြိုး တံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်စဥ် သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေ ထပ်မံတွေ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း(၇)က ထုတ်ပြန်ပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံကျေးရွာ၌ ရိုဟင်ဂျာများကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်သည်ဟုသော စွပ်စွဲချက်များကို အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ငြင်းဆိုလိုက်ပြီး လူမှုကွန်ရက်၌ ပြန့်နှံ့နေသည့် ရုပ်အလောင်းများမှာ ဘူးသီးတောင်တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅)မှ စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများသာ ဖြစ်သည်ဟု ရှင်းလင်းပြောကြားသည်။

သတင်း

တန့်ဆည် တိုက်ပွဲ၌ အရာရှိအပါအ၀င် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး