Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာကို ထပ်မံမီးရှို့၊ မနက်က မီးရှို့ခံရသည့် ကုန်းစည်းရွာတွင် အိမ်ခြေ ၆၀ခန့်ပျက်စီး

နံနက် ၇နာရီက ကုန်းစည်းရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သည် ညောင်ပင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်က ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာကို ထပ်မံမီးရှို့
စစ်ကောင်စီတပ်က ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာကို ထပ်မံမီးရှို့

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းနေသည့် စစ်ကောင်စီတပ်သည် ယနေ့နံနက်ပိုင်းတွင် ကုန်းစည်းရွာကို မီးရှို့ခဲ့ပြီး ညနေပိုင်းတွင် တည်ပင်ဆိပ်ရွာကို မီးရှို့ခဲ့ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။

နံနက် ၇နာရီက ကုန်းစည်းရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သည် ညောင်ပင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ကြောင်း ဖော်ပြသည်။

မီးရှို့ခံရသည့် ကုန်းစည်းရွာမှ အိမ်ခြေ ၆၀ခန့် ပြာကျခဲ့ကြောင်း ၊ ကုန်းဏည်းရွာမ ရွာထဲမှ စာကြည့်တိုက် အပါအဝင် နေအိမ် ၄၂လုံး၊ အရှေ့ကုန်းစည်းရွာမှ နေအိမ် ၁၇လုံး၊ စုစုပေါင်း ၅၉ လုံးပျက်စီးခဲ့သည်ဟု ဒေသတွင်း သတင်းများ ဖော်ပြနေသည့် Infinity Groupက အသိပေးထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ကျေးရွာ ဘုန်းကြီးကျောင်းထဲမှ ပစ္စည်းများ၊ စားနပ်ရိက္ခာများ၊ ကား၊ ဆိုင်ကယ်များကိုလည်း ဖျက်ဆီးသွားပြီး ရွာထဲမှ နေအိမ်များကို ဝင်ရောက် ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ အဆိုပါကုန်းစည်းရွာကို စစ်ကောင်စီတပ်က ယခင်ကလည်း မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။ စစ်ကောင်စီတပ်သည် ရွာခံအချို့ကိုလည်း ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကျွန်းလှ – ကန့်ဘလူနယ်စပ်တစ်နေရာတွင် ဩဂုတ် ၂၃ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့၍ ဩဂုတ် ၂၅ရက်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ကာ စစ်ကောင်စီတပ်က အင်အားများဖြည့်တင်းပြီး ဒေသတွင်းသို့ စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။