Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးကုတ်အနောက်ပိုင်းတိုက်ပွဲ ဒုရင်းမှူးတစ်ဦး၊ သုံးပွင့် ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ် ခုနစ်ဦးသေဟုဆို

စစ်ကောင်စီတပ်၏ သေဆုံးမှုအခြေအနေနှင့်ပတ် သက်၍ Red Wolves Of Mogok တာဝန်ရှိသူက “ထုတ်ပြန်ချက်ထဲမှာပါသလို သူတို့ရဲ့ကားထဲကို ဗုံးတလုံး ပစ်ထည့်နိုင်တာရယ် မိုင်း သုံး‌လုံး ဖောက်ခွဲနိုင်ခဲ့တာရယ်ကြောင့်လို့ပဲ သုံးသပ်ပါမယ်ဗျ။”ဟု ပြောကြားသည်။

(ဖြစ်စဥ်နေရာပြမြေပုံအား Google Mapက တစ်ဆင့် တွေ့ရစဥ်)
(ဖြစ်စဥ်နေရာပြမြေပုံအား Google Mapက တစ်ဆင့် တွေ့ရစဥ်)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အနောက်ပိုင်း၊ ဂွေးပင် နှင့် လောင်းစင်ရွာကြားတိုက်ပွဲတွင် ဒုရင်းမှူး တစ်ဦး၊ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်မှ ခုနစ် ဦးသေဆုံးကြောင်း Red Wolves Of Mogok အဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ အရာရှိနှစ်ဦးအား မီးသင်္ဂြိုလ်ခဲ့ပြီးတပ်သား ၅ ဦး မြေမြှုပ်ခဲ့သည်ဟု သတင်းအတည်ပြုနိုင်ကြောင်း၊ မိုးကုတ်ဆေးရုံသို့ (၁၄)ဦးပို့ဆောင်ခဲ့ပြီး (၇)မိုင်ဆေးရုံကိုလည်း လူနာတင်ကား ခြောက်စီးဖြင့် သုံးခေါက်ပို့ဆောင်ခဲ့သည်ဟု သတင်းထပ်မံရရှိကြောင်း Red Wolves Of Mogok အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယမန်နေ့ (သြဂုတ်၂၉ရက်) နံနက် ၈ နာရီခန့်က မိုးကုတ်အခြေပြုတပ်ရင်းများဖြစ်သည့် (၁၂၂၁)၊ (၁၂၂၂)၊ (၁၂၂၃)နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့သည် မိုးကုတ်အနောက်ပိုင်း နယ်မြေတွင်း နေရာအသီးသီးတွင် အသင့်အနေအထားရှိစဉ် စစ်ကောင်စီ အပြန်စစ်ကြောင်းနှင့်ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဂွေးပင်နှင့် လောင်းစင်ရွာကြားတွင် တပ်ရင်း ၁၂၂၂ က ရဲဘော် ၁၅ ဦးခန့်သည် မိုင်းဆွဲရန်စောင့်ဆိုင်းနေစဥ် စစ်ကောင်စီ အရာရှိများပါဝင်သော အင်အား (၂၀)ခန့်ပါ starx ကားအနီရောင်ထဲသို့ ဗုံးတစ်လုံးကို အနီးကပ်ပစ်သွင်းနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဒုရင်းမှူး တစ်ဦး၊ သုံးပွင့်ဗိုလ်တစ်ဦး နေရာတွင် ကျဆုံးကြောင်းနှင့် တပ်ရင်းမှူး ထိခိုက်ဒဏ်ရာရရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ အတည်မပြုနိုင် သေးသော အထိအခိုက်များရှိကြောင်းလည်း ရှိနေကြောင်း Red Wolves Of Mogok ကအသိပေးသည်။

စစ်ကောင်စီတပ်၏ သေဆုံးမှုအခြေအနေနှင့်ပတ် သက်၍ Red Wolves Of Mogok တာဝန်ရှိသူက “ထုတ်ပြန်ချက်ထဲမှာပါသလို သူတို့ရဲ့ကားထဲကို ဗုံးတလုံး ပစ်ထည့်နိုင်တာရယ် မိုင်း သုံး‌လုံး ဖောက်ခွဲနိုင်ခဲ့တာရယ်ကြောင့်လို့ပဲ သုံးသပ်ပါမယ်ဗျ။”ဟု ပြောကြားသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်၏ အင်အား ၆၀ ခန့်ပါ ခြေလျင်စစ်ကြောင်းနှင့် အနီးကပ် အပြန်အလှန်ပစ်ခတ်မှု (၁)နာရီကြာဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် မိုင်း (၃)လုံး ဖောက်ခွဲနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အချက် ၂၀ မှ၃၀ကြားပြန်လည် ပစ်ခတ်ခဲ့သည်။

ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်သည် ညနေ၆နာရီချိန်ထိ လက်နက်ကြီးများဖြင့် အနီးအနားတောင်များသို့ ဆက်လက်ပစ်ခတ်ခဲ့ကြောင်း Red Wolves Of Mogok ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။