Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် မကြာခဏမီးရှို့ဖျက်ဆီးနေသည့် နှမ်းခါးရွာ အကူအညီများလိုအပ်နေ

နှမ်းခါးကျေးရွာရှိ စစ်ဘေးရှောင်စာသင်ကျောင်း၊ နေအိမ် (၈)လုံးနှင့် နာရေးကားအပါအဝင် မော်တော်ယာဥ် (၆)စီး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

(နှမ်းခါးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နှမ်းခါးရွာ ပြန်လည်ထူထောင်ရေးအဖွဲ့)
(နှမ်းခါးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နှမ်းခါးရွာ ပြန်လည်ထူထောင်ရေးအဖွဲ့)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ နှမ်းခါးကျေးရွာတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထား၍ အကူအညီများလိုအပ်နေကြောင်း နှမ်းခါးရွာ ပြန်လည်ထူထောင်ရေးအဖွဲ့က ပြောသည်။

နှမ်းခါးကျေးရွာရှိ စစ်ဘေးရှောင်စာသင်ကျောင်း၊ နေအိမ် (၈)လုံးနှင့် နာရေးကားအပါအဝင် မော်တော်ယာဥ် (၆)စီး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်က နှမ်းခါးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF အဖွဲ့များ ၂နာရီခွဲခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိအခိုက်အကျအဆုံးများ ရှိခဲ့သည်။

(နှမ်းခါးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နှမ်းခါးရွာ ပြန်လည်ထူထောင်ရေးအဖွဲ့)
(နှမ်းခါးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နှမ်းခါးရွာ ပြန်လည်ထူထောင်ရေးအဖွဲ့)

စစ်ကောင်စီတပ် အထိနာ၍ နှမ်းခါးရွာရှိ စစ်ဘေးရှောင်စာသင်ကျောင်းနှင့် လူနေတဲ (၈)လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အိမ်စီးကားတစ်စီး ၊ FAW ကား ၂စီး ၊ သုံးဘီး ၂စီးနှင့် ဖြူစင်မေတ္တာ နာရေးကားများကိုလည်း ဖျက်ဆီးခဲ့ပြီး စစ်ဘေးရှောင်များ၏ ဆိုင်ကယ်အချို့ကိုလည်း ရိုက်ထုဖျက်ဆီးခဲ့ကြောင်း၊ ကာလတန်ကြေး ကျပ်သိန်း၂,၀၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း နှမ်းခါးရွာ ပြန်လည်ထူထောင်ရေးအဖွဲ့က ပြောသည်။

“စစ်ကောင်စီဘက်က မြန်မာနိုင်ငံနေရာအနှံ့ကို ပြာချလို့ ရပေမယ့် ပြည်သူတွေရဲ့ စိတ်ဓာတ်တွေကို ပြချလို့ မရနိုင်ပါ။ ပြည်သူတွေ အနေနှင့်လည်း နေရာအနှံ့ကို လိုက်လှူနေရတာသိပေမယ့်လည်း ဆက်ပြီးအလှူခံပါရစေ။ မီးရှို့ခံရသော လူနေတဲ ၈လုံးအတွက် ပြန်လည်ထူထောင်ရေး အဖွဲ့က ဆက်လက်အလှူခံပြီး ပံ့ပိုးသွားမည်ဖြစ်သောကြောင့် နိုင်ရာကနေ ကူညီပေးကြပါရန် အသိပေးပါသည်။”ဟု နှမ်းခါးရွာ ပြန်လည်ထူထောင်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

နှမ်းခါးရွာသည် အကြမ်းဖက်စစ်ကောင်စီတပ်၏ မကြာခဏ မီးရှို့ဖျက်ဆီးမှုများ ခံနေရသော ကျေးရွာတစ်ရွာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။