Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က စစ်ရှောင်များနေထိုင်ရာ တဲများ၊ စာသင်ဆောင်၊ ကားနှင့် ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ဟု နှမ်းခါးလူငယ်အဖွဲ့အသိပေး

စစ်ကောင်စီတပ်သည် နှမ်းခါးရွာသို့ အကြိမ်ကြိမ် စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းကို ၃ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်။

(စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - နှမ်းခါးလူငယ်အဖွဲ့)
(စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - နှမ်းခါးလူငယ်အဖွဲ့)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် စစ်ရှောင်များနေထိုင်ရာ တဲများ၊ ကားနှင့် စစ်ရှောင်များအတွက် စုဆောင်းထားသည့် ဆေးဝါးများ၊ ယာယီစာသင်ဆောင် များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နှမ်းခါးလူငယ်အဖွဲ့က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဩဂုတ်တတိယပတ်တွင် နှမ်းခါးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်ကာရွာ၌ စခန်းချနေထိုင်ခဲ့ကြောင်း၊ ဩဂုတ် ၂၁ရက်တွင် နှမ်းခါးရွာ စစ်ရှောင်များနေထိုင်ရာ နေရာသို့ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် စစ်ရှောင်တဲ ၉လုံး၊ ပြည်သူပိုင် ကား ၁စီး၊ သုံးဘီးဆိုင်ကယ် ၃စီး၊ ကြားကာလပညာရေး စာသင်ကျောင်း စာသင်ဆောင်(၁)ဆောင်၊ စစ်ဘေးရှောင်ပြည်များအတွက်အသုံးပြုနေသော နှမ်းခါးလူငယ်အဖွဲ့ပိုင် ကားတစ်စီး၊ နှမ်းခါးလူငယ်ဆေးအဖွဲ့အသုံးပြုနေသော ပရဟိတ နာရေးကားတစ်စီးနှင့် အောက်စီဂျင်စက်တစ်လုံး၊ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု အသိပေးထားသည်။

Public Service Announcement
Public Service Announcement

စစ်ဘေးရှောင်ပြည်သူများအတွက် စုဆောင်ထားသော ဆေးဝါးများနှင့် ထောက်ပို့ကားများ ဖျက်ဆီးခံရ၍ နှမ်းခါးလူငယ်အဖွဲ့ ရေရှည်ရပ်တည်လည်ပတ်နိုင်ရန်အတွက် ဆေးဝါးများကိုအရေးပေါ် ကူညီလှူဒါန်းပေးကြပါရန် နှမ်းခါးလူငယ်အဖွဲ့မှ ပြည်သူများသို့ အကူအညီတောင်းခံခဲ့သည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - နှမ်းခါးလူငယ်အဖွဲ့)
(စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – နှမ်းခါးလူငယ်အဖွဲ့)

စစ်ကောင်စီတပ်သည် နှမ်းခါးရွာသို့ အကြိမ်ကြိမ် စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းကို ၃ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။