Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သန်လျင်မြို့ သေနတ်ပစ်ကွင်းတွင် စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ခြောက်ဦးသေဟုဆို

ဖြစ်စဥ်အရ ယမန်နေ့(သြဂုတ် ၃၁ ရက်) ည ၁၁ နာရီခန့်တွင် သန်လျင်မြို့ စစ်ပင်ကွင်းရွာ၏ တောင်ဘက်တွင်ရှိသော သေနတ်ပစ်ကွင်းတွင် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

(စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ခဲ့သည်ဆိုသော စစ်ပင်ကွင်းကျေးရွာအဝင် ဆိုင်းဘုတ်အား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ခဲ့သည်ဆိုသော စစ်ပင်ကွင်းကျေးရွာအဝင် ဆိုင်းဘုတ်အား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ သေနတ်ပစ်ကွင်းတွင် စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကြောင်း ဒေသခံသတင်းရင်းမြစ် Thanlyin Channel က ယနေ့(စက်တင်ဘာ ၁ ရက်) ထုတ်ပြန် သည်။

ဖြစ်စဥ်အရ ယမန်နေ့(သြဂုတ် ၃၁ ရက်) ည ၁၁ နာရီခန့်တွင် သန်လျင်မြို့ စစ်ပင်ကွင်းရွာ၏ တောင်ဘက်တွင်ရှိသော သေနတ်ပစ်ကွင်းတွင် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“အစောင့် စခ ၂ယောက်က စခ ၆ ကောင်ကို ပစ်သတ်သွားတယ်။ အဲဒီသေနတ်ပစ်ကွင်းနားမှာ သန်လျင်ရေတပ်က တက(တပ်ကြပ်) ဇော်မိုးဦး တဲရှိတယ်။ သူ့မိန်းမနဲ့ သမီးအကြီးပါပစ်သတ်သွားတယ်။ ကလေးတစ်ယောက်ဒဏ်ရာရ။ နောက်ကလေးတစ်ယောက်ပျောက်နေတယ်။ တပ်ကြပ် ဇော်မိုးဦးဒဏ်ရာရတယ်။ အလောင်းတွေလာသယ်သွားတယ်တဲ့” ဟု ဒေသခံပြည်သူများက ပြောကြားချက်ကို ကိုးကား၍ Thanlyin Channel က ဖော်ပြသည်။

လက်ရှိတွင် သန်လျင်မြို့နယ် ခြောက်လမ်းသွားလမ်းဆုံနှင့် ကုလာဝဲတံတား အတက်၊အဆင်း များကို အကြမ်းဖက်စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“အခု တင်ကျွန်တော့်ကား ဖြတ်တာ သန်လျင်တံတားကို ပိတ်ထားလို့ ပေးမသွားဘူး။စစ်ဆေး ပြီး ပြန်လှည့်ခိုင်းတယ်”ဟု သန်လျင်မြို့နယ် မင်းကျောင်းရပ်ကွက် နေသူတစ်ဦးက လူထုနွေဦးသို့ နံနက် ၁၀ နာရီခန့်တွင် ပြောသည်။

ထို့အပြင် သန်လျင်တံတားအဆင်း တိုင်ရင်းသားကျေးရွာအရှေ့၌လည်း အင်အားအပြည့်​ဖြင့် ပိတ်ဆို့စစ်မှုရှိကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုကို လူထုနွေဦးအနေဖြင့် ထပ်မံအတည်ပြုနိုင်ရန် ဒေသခံများနှင့် ဆက်သွယ်နေဆဲ ဖြစ်သည်။

လက်ရှိ သန်လျင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က မော်တော်ယာဥ် စုစုပေါင်း ၁၅ စီးခန့်ဖြင့် ကင်းလှည့်သွားလာနေသည်ဟု Thanlyin Channel က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။