Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်လာနှင့်​ရွှေ​ဈေးအတက်အကျကြမ်းပြီး​နောက် အ​ရောင်းအဝယ်ရပ်ဆိုင်း​

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၀ကျော်သာ ယနေ့ဈေးဖွင့်ထားသည်။

(စက်တင်ဘာ ၁ ရက်တွင် ​၁ ဒေါ်လာလျှင် ၃၆၀၀ ကျပ် နှင့်​ရွှေ​ဈေးကျပ်သိန်း ၃၀ သို့ ပြန်ကျလာ​သော်လည်း လက်​တွေ့ရောင်းဝယ်မည်သူမရှိဘဲရပ်တန့်​နေသည်။ ဓါတ်ပုံ - The Economics)
(စက်တင်ဘာ ၁ ရက်တွင် ​၁ ဒေါ်လာလျှင် ၃၆၀၀ ကျပ် နှင့်​ရွှေ​ဈေးကျပ်သိန်း ၃၀ သို့ ပြန်ကျလာ​သော်လည်း လက်​တွေ့ရောင်းဝယ်မည်သူမရှိဘဲရပ်တန့်​နေသည်။ ဓါတ်ပုံ - The Economics)

ဈေးကွက်အတွင်း ဒေါ်လာနှင့်ဒေါ်လာဈေးအတက်အကျကြမ်းနေပြီး လုပ်ငန်းပိုင်ရှင်တစ်ချို့ခြိမ်းခြောက်ခံရ၍အ​ရောင်းအဝယ်များရပ်ဆိုင်း​နေ​ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယမန့်နေ့က အ​မေရီကန်ဒေါ်တစ်ဒေါ်လာလျှင် ကျပ်၅၀၀၀ခန့်အထိ မကြုံဖူး​အောင် ဈေးမြင့်တက်ခဲ့သော်လည်း ယနေ့တွင် တစ်ဒေါ်လာကို ကျပ် ၃၆၀၀ အထိပြန်ကျဆင်းလာပြီး ဈေးကွက်အတွင်း အရောင်းအဝယ်လည်းပိတ်ထားသည်ဟု ငွေလဲလုပ်ငန်းရှင်များကပြောသည်။

“အဝယ်အရောင်းမရှိဘဲ ဈေးကျတယ်လိုပြောနေတာပါ။ အခုတော့ ငွေလဲလုပ်တဲ့သူတွေ အများစုက ဖုန်းပိတ်ပြီးရှောင်နေရတယ်”ဟုငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

​ပြည်တွင်း၌ ​ဒေါ်လာနှင့် ​ရွှေ​ဈေးများ မကြုံဖူး​အောင်မြင့်တက်ပြီး ကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်း​နေသဖြင့်စစ်ကောင်စီ၏ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှတဆင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ထောက်ပံ့ပေးမည်ဟု ယမန့်နေက ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအပြင်

Public Service Announcement

Public Service Announcement

စစ်ကောင်စီလော်ဘီများ အွန်လိုင်းဒေါ်လာရောင်းဝယ်လုပ်နေသူများကို ဖမ်းဆီးမည်ဟုဆက်တိုက်ခြိမ်းခြောက်ခဲ့သည်။

“အရင်တုန်းကလိုတိုက်ရိုက်ထုတ်ရောင်းပေးမယ့်အနေအထားမှာတောင် ဈေးနှုန်းကိုထိန်းချုပ်ဖို့က အဆင်မပြေဘူး။ အခုက ဈေးကွက်တဆင့်ထောက်ပံ့မယ်ဆိုတာ ဘာဆိုလိုမှန်းမသိဘူး၊မလိမ့်တပတ်လုပ်ထားတာ”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက စစ်​ကောင်စီက ​ဒေါ်လာ သန်း ၂၀၀ ထုတ်​ရောင်း​ပေးမည်ဟု​ထုတ်ပြန်ချက်အ​ပေါ်သူ၏အမြင်ကို ပြောသည်။

သိူ့​သော်စစ်ကောင်စီကထုတ်သုံးမည်ဆို​သောဒေါ်လာသန်း၂၀၀သည် စက်သုံးဆီ တစ်လစာခန့်သာရှိပြီး စစ်ကောင်စီဘက်မှ အမှန်တကယ် ထုတ်မပေးနိုင်ပါက ဒေါ်လာဈေး၊ စက်သုံးဆီဈေး ဆက်လက်မြင့်တက်နိုင်သည်ဟု အထက်ပါလုပ်ငန်းရှင်ကသုံးသပ်သည်။

ကမ္ဘာ့ရေနံဈေးကျဆင်းခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးမှာလည်းယ​နေ့တွင် တစ်လီတာလျှင် ကျပ် ၂၀၀ခန့်ကျဆင်းသွားသည်။

အခေါက်ရွှေဈေးမှာလည်း ယမန့်နေ့က တစ်ကျပ်သားကို ကျပ် ၃၇သိန်းအထိဈေးတက်ခဲ့သော်လည်း ယနေ့တွင် ကျပ် ၇ သိန်းပြ်ကျ ပြီး ကျပ်သိန်း ၃၀ခန့်သာပေါက်ဈေးရှိတော့သည်။ ​ရွှေ​ဈေးကွက်မှာလည်း ယ​နေ့တွင်အရောင်းအဝယ်ပိတ်ထားကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၀ကျော်သာ ယနေ့ဈေးဖွင့်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

သတင်း

နိုင်ငံတဝှမ်းမှာရှိတဲ့ PDF တပ်ရင်း နဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီ​ထောက်ပံ့မှုဟာ ရိက္ခာနဲ့ အ​ထွေ​ထွေ အသုံးစာရိတ်​တွေအတွက်သာဖြစ်တယ်လို့သိရပါတယ်။

သတင်း

နွေဦးဘဏ်ဖွင့်လှစ်ခြင်းသည် စစ်ကောင်စီထံစီးဝင်နေသည့် နိုင်ငံခြားငွေကြေးများကို ဟန့်တားနိုင်ရန်နှင့် တော်လှန်ရေးရန်ပုံငွေထောက်ပံ့ပေးနိုင်ရန်ဖြစ်ပြီး စစ်ကောင်စီကို ဘဏ္ဍာ​ရေးအရတိုက်စစ်ဖွင့်လှစ်ခြင်းဖြစ်သညဟု NUGကဆိုသည်။

သတင်း

ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်ထားပါက နိုင်ငံခြားသုံငွေစီမံခန့်ခွဲဥပဒေအရ ထောင်ဒဏ် ၃နှစ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကိုဖြစ်​​စေ ချမှတ်မည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ထားခြင်းသည်။