Connect with us

Hi, what are you looking for?

သတင်း

ဒေါ်လာနှင့်​ရွှေ​ဈေးအတက်အကျကြမ်းပြီး​နောက် အ​ရောင်းအဝယ်ရပ်ဆိုင်း​

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၀ကျော်သာ ယနေ့ဈေးဖွင့်ထားသည်။

(စက်တင်ဘာ ၁ ရက်တွင် ​၁ ဒေါ်လာလျှင် ၃၆၀၀ ကျပ် နှင့်​ရွှေ​ဈေးကျပ်သိန်း ၃၀ သို့ ပြန်ကျလာ​သော်လည်း လက်​တွေ့ရောင်းဝယ်မည်သူမရှိဘဲရပ်တန့်​နေသည်။ ဓါတ်ပုံ - The Economics)
(စက်တင်ဘာ ၁ ရက်တွင် ​၁ ဒေါ်လာလျှင် ၃၆၀၀ ကျပ် နှင့်​ရွှေ​ဈေးကျပ်သိန်း ၃၀ သို့ ပြန်ကျလာ​သော်လည်း လက်​တွေ့ရောင်းဝယ်မည်သူမရှိဘဲရပ်တန့်​နေသည်။ ဓါတ်ပုံ - The Economics)

ဈေးကွက်အတွင်း ဒေါ်လာနှင့်ဒေါ်လာဈေးအတက်အကျကြမ်းနေပြီး လုပ်ငန်းပိုင်ရှင်တစ်ချို့ခြိမ်းခြောက်ခံရ၍အ​ရောင်းအဝယ်များရပ်ဆိုင်း​နေ​ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယမန့်နေ့က အ​မေရီကန်ဒေါ်တစ်ဒေါ်လာလျှင် ကျပ်၅၀၀၀ခန့်အထိ မကြုံဖူး​အောင် ဈေးမြင့်တက်ခဲ့သော်လည်း ယနေ့တွင် တစ်ဒေါ်လာကို ကျပ် ၃၆၀၀ အထိပြန်ကျဆင်းလာပြီး ဈေးကွက်အတွင်း အရောင်းအဝယ်လည်းပိတ်ထားသည်ဟု ငွေလဲလုပ်ငန်းရှင်များကပြောသည်။

“အဝယ်အရောင်းမရှိဘဲ ဈေးကျတယ်လိုပြောနေတာပါ။ အခုတော့ ငွေလဲလုပ်တဲ့သူတွေ အများစုက ဖုန်းပိတ်ပြီးရှောင်နေရတယ်”ဟုငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

​ပြည်တွင်း၌ ​ဒေါ်လာနှင့် ​ရွှေ​ဈေးများ မကြုံဖူး​အောင်မြင့်တက်ပြီး ကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်း​နေသဖြင့်စစ်ကောင်စီ၏ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှတဆင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ထောက်ပံ့ပေးမည်ဟု ယမန့်နေက ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအပြင်

Public Service Announcement

Public Service Announcement

စစ်ကောင်စီလော်ဘီများ အွန်လိုင်းဒေါ်လာရောင်းဝယ်လုပ်နေသူများကို ဖမ်းဆီးမည်ဟုဆက်တိုက်ခြိမ်းခြောက်ခဲ့သည်။

“အရင်တုန်းကလိုတိုက်ရိုက်ထုတ်ရောင်းပေးမယ့်အနေအထားမှာတောင် ဈေးနှုန်းကိုထိန်းချုပ်ဖို့က အဆင်မပြေဘူး။ အခုက ဈေးကွက်တဆင့်ထောက်ပံ့မယ်ဆိုတာ ဘာဆိုလိုမှန်းမသိဘူး၊မလိမ့်တပတ်လုပ်ထားတာ”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက စစ်​ကောင်စီက ​ဒေါ်လာ သန်း ၂၀၀ ထုတ်​ရောင်း​ပေးမည်ဟု​ထုတ်ပြန်ချက်အ​ပေါ်သူ၏အမြင်ကို ပြောသည်။

သိူ့​သော်စစ်ကောင်စီကထုတ်သုံးမည်ဆို​သောဒေါ်လာသန်း၂၀၀သည် စက်သုံးဆီ တစ်လစာခန့်သာရှိပြီး စစ်ကောင်စီဘက်မှ အမှန်တကယ် ထုတ်မပေးနိုင်ပါက ဒေါ်လာဈေး၊ စက်သုံးဆီဈေး ဆက်လက်မြင့်တက်နိုင်သည်ဟု အထက်ပါလုပ်ငန်းရှင်ကသုံးသပ်သည်။

ကမ္ဘာ့ရေနံဈေးကျဆင်းခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးမှာလည်းယ​နေ့တွင် တစ်လီတာလျှင် ကျပ် ၂၀၀ခန့်ကျဆင်းသွားသည်။

အခေါက်ရွှေဈေးမှာလည်း ယမန့်နေ့က တစ်ကျပ်သားကို ကျပ် ၃၇သိန်းအထိဈေးတက်ခဲ့သော်လည်း ယနေ့တွင် ကျပ် ၇ သိန်းပြ်ကျ ပြီး ကျပ်သိန်း ၃၀ခန့်သာပေါက်ဈေးရှိတော့သည်။ ​ရွှေ​ဈေးကွက်မှာလည်း ယ​နေ့တွင်အရောင်းအဝယ်ပိတ်ထားကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၀ကျော်သာ ယနေ့ဈေးဖွင့်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။