Connect with us

Hi, what are you looking for?

သတင်း

ကော်ဘရာစစ်ကြောင်းကို လာထောက်လှန်းတဲ့ စစ်တပ်ရဲ့ဒရုန်းကို ပစ်ချဖျက်ဆီးခဲ့တယ်လို့ဆို

ဒီလို စစ်ကောင်စီဘက်က ထောက်လှမ်းတာတွေပြုလုပ်ခဲ့တာကြောင့် Golden Eagles Drone တပ်ဖွဲ့က ကော်ဘရာစစ်ကြောင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိရာ ကင်းထောက်လာတဲ့ ရန်သူစစ်ကောင်စီ Drone ကို Golden Eagles ရဲတွေက ပစ်ချဖျက်စီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကော်ဘရာစစ်ကြောင်းကို လာထောက်လှန်းတဲ့ စစ်တပ်ရဲ့ဒရုန်းကို ပစ်ချဖျက်ဆီးခဲ့တယ်လို့ဆို
ကော်ဘရာစစ်ကြောင်းကို လာထောက်လှန်းတဲ့ စစ်တပ်ရဲ့ဒရုန်းကို ပစ်ချဖျက်ဆီးခဲ့တယ်လို့ဆို

မြဝတီ-ဝေါ်လေ ကားလမ်းပေါ်မှာ လုံခြုံရေးယူထားတဲ့ ကော်ဘရာစစ်ကြောင်းကို လာထောက်လှမ်းနေတဲ့ စစ်ကောင်စီရဲ့ ဒရုန်းကို ပစ်ချဖျက်ဆီးခဲ့တယ်လို့ Golden Eagles People Defense Force က သတင်းထုတ်ပြန်ပါတယ်။

သုံးထပ်ကွေ့-ဖလူးလေး-ဝေါ်လေ ကားလမ်းတစ်လျှောက် လုံခြုံရေးယူထားနဲ့ ကော်ဘရာစစ်ကြောင်းရှိရာဘက်ကို စစ်ကောင်စီဘက်က စက်တင်ဘာ ၂ ရက်နေ့ ညပိုင်း(၁၂) နာရီကျော်မှာ ညကြည့်ကင်းထောက်ဒရုန်းနဲ့ ထောက်လှမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလို စစ်ကောင်စီဘက်က ထောက်လှမ်းတာတွေပြုလုပ်ခဲ့တာကြောင့် Golden Eagles Drone တပ်ဖွဲ့က ကော်ဘရာစစ်ကြောင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိရာ ကင်းထောက်လာတဲ့ ရန်သူစစ်ကောင်စီ Drone ကို Golden Eagles ရဲတွေက ပစ်ချဖျက်စီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ယာယီဖွင့်လှစ်ထားတဲ့ သားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအ၀င် ၄ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်တပ်က စာသင်ကျောင်း ၃ ကျောင်းအနီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အို ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းကြောင့် (၁၀)နှစ်အရွယ်ကလေး ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်နဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားတို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံပြည်သူ​ ၁၀ ဦးထက်မနည်း​သေဆုံးပြီး ဒဏ်ရာရသူ​တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

Facebook