Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် ပစ်ခတ်၊ မီးရှို့ဖျက်ဆီးမှုကြောင့် ဒီပဲယင်းကွဲရွာရှိ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၂၀နီးပါးပျက်စီး

ပြီးခဲ့သည့် သြဂုတ်အတွင်းက ဒီပဲယင်းကွဲကျေးရွာအနီးတဝိုက်ရှိ ကျေးရွာ သုံးရွာထက်မနည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံထားရသည်။

(မီးရှို့ဖျက်ဆီးခံရသော ဒီပဲယင်းကွဲကျေးရွာ လူနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးခံရသော ဒီပဲယင်းကွဲကျေးရွာ လူနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် ၁၉လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် နေအိမ် လုံးလုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော ဒီပဲယင်းကွဲကျေးရွာ လူနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးခံရသော ဒီပဲယင်းကွဲကျေးရွာ လူနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ထို့အပြင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒီပဲယင်းကွဲကျေးရွာရှိ အိမ်ခြေ ၁၆လုံးမီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ပြီးခဲ့သည့် သြဂုတ်အတွင်းက ဒီပဲယင်းကွဲကျေးရွာအနီးတဝိုက်ရှိ ကျေးရွာ သုံးရွာထက်မနည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံထားရသည်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းကွဲကျေးရွာသည် ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ငါးလုံးပျက်စီးခဲ့ကာ ရွာသားတစ်ဦး သတ်ဖြတ်မီးရှို့ခံခဲ့ရသည်။

ယခုနှစ် ၂၀၂၂ ဇန်နဝါရီမှ ယခုဩဂုတ် ၃၀ရက်အထိ စစ်ကိုင်းမြို့နယ်အတွင်းရှိ သာစည်လေး၊ဘုရားလှ၊ညောင်ပင်ရှည်၊တလိုင်းကျွန်း၊ဒီပဲယင်းကွဲ၊တောင်မြို့၊တောင်ကြား စုစုပေါင်း (၇)ရွာမှ နေအိမ် ၅၈၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း စစ်ကိုင်းမြို့အခြေစိုက်စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက အသိပေးသည်။

ဩဂုတ် ၃၁တွင် တောင်ကြားရွာ ဒုတိယအကြိမ် မီးရှို့ခံခဲ့ရ၍ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ၆၀၀ ကျော်ပြီဖြစ်ကြောင်း၊ အဆိုပါ နေအိမ်များအား စစ်ကိုင်း တပ်မ (၃၃) နှင့် ကြွယ်ပုံ၊ ဆင်တပ်၊မာလဲတောရွာမှ ပျူစောထီးများ ပူးပေါင်းကာ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Facebook