Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ရှားရန် စစ်ကောင်စီကို စင်ကာပူနှင့်ဖိလစ်ပိုင် သတိပေး

မကြာသေးမီက အတိုက်အခံတက်ကြွလှုပ်ရှားသူ လေးဦးကို ကွပ်မျက်ခြင်းနှင့် နိုင်ငံအတွင်း ရှည်ကြာနေသော နိုင်ငံရေးအကျပ်အတည်းအပါအဝင် မြန်မာ့အရေးကို လွန်စွာစိုးရိမ် ကြောင်းလည်း ခေါင်းဆောင်နှစ်ဦးက ပူးတွဲထုတ်ပြန်သည်။

(စင်ကာပူဝန်ကြီးချုပ်နှင့် ဖိလစ်ပိုင်သမ္မတတို့​တွေ့ဆုံ​နေကြစဥွ်။ File Photo)
(စင်ကာပူဝန်ကြီးချုပ်နှင့် ဖိလစ်ပိုင်သမ္မတတို့​တွေ့ဆုံ​နေကြစဥွ်။ File Photo)

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ရှားရန် စစ်ကောင်စီကို စင်ကာပူဝန်ကြီးချုပ်နှင့် ဖိလစ်ပိုင်သမ္မတတို့က ပူးတွဲထုတ်ပြန်သည်။

စင်ကာပူသို့ နိုင်ငံတော်အဆင့်သွားရောက်သည့် ဖိလစ်ပိုင်သမ္မတ၏ ခရီးစဉ်အတွင်း ခေါင်းဆောင်နှစ်ဦးက ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာပါဝင်ပတ်သက်သူများနှင့် အပြုသဘောတွေ့ဆုံဆွေးနွေးရေး အာဆီယံအထူးကိုယ်စားလှယ်၏ ကြိုးပမ်းချက်ကို ပူးပေါင်းဆောင်ရွက်ခြင်းမရှိမှု အပါအဝင် မြန်မာစစ်အာဏာပိုင်များကအာဆီယံ သဘောတူညီချက်၅ရပ်ကိုအချိန်နှင့်တပြေးညီအကောင်အထည်ဖော်ရေး ကတိမတည်မှုနှင့် တိုးတက်မှုနှေးကွေးသည့်အပေါ် လွန်စွာစိတ်ပျက်ကြောင်း ဖော်ပြသည်။

မကြာသေးမီက အတိုက်အခံတက်ကြွလှုပ်ရှားသူ လေးဦးကို ကွပ်မျက်ခြင်းနှင့် နိုင်ငံအတွင်း ရှည်ကြာနေသော နိုင်ငံရေးအကျပ်အတည်းအပါအဝင် မြန်မာ့အရေးကို လွန်စွာစိုးရိမ် ကြောင်းလည်း ခေါင်းဆောင်နှစ်ဦးက ပူးတွဲထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံခြားသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် ခေါင်းဆောင် နှစ်ဦးက တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

စင်ကာပူဝန်ကြီးချုပ်နှင့် ဖိလစ်ပိုင်သမ္မတတို့သည် မြန်မာ့အရေးတွင် ကုလသဂ္ဂ၏ ပါဝင်ညှိနှိုင်းပေးမှု၊ ကုလအထူးကိုယ်စားလှယ်၏ လုပ်ဆောင်မှုတို့ကိုလည်း အားပေးထောက်ခံကြောင်း ထပ်လောင်းအတည်ပြုသည်။ ကုလသဂ္ဂကိုယ်စားလှယ်များနှင့် အေဂျင်စီများကို မြန်မာနိုင်ငံသို့ အပြည့်အ၀ဝင်ရောက်သွားလာနိုင်ရေးကိုလည်း တောင်းဆိုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။