Connect with us

Hi, what are you looking for?

သတင်း

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ရှားရန် စစ်ကောင်စီကို စင်ကာပူနှင့်ဖိလစ်ပိုင် သတိပေး

မကြာသေးမီက အတိုက်အခံတက်ကြွလှုပ်ရှားသူ လေးဦးကို ကွပ်မျက်ခြင်းနှင့် နိုင်ငံအတွင်း ရှည်ကြာနေသော နိုင်ငံရေးအကျပ်အတည်းအပါအဝင် မြန်မာ့အရေးကို လွန်စွာစိုးရိမ် ကြောင်းလည်း ခေါင်းဆောင်နှစ်ဦးက ပူးတွဲထုတ်ပြန်သည်။

(စင်ကာပူဝန်ကြီးချုပ်နှင့် ဖိလစ်ပိုင်သမ္မတတို့​တွေ့ဆုံ​နေကြစဥွ်။ File Photo)
(စင်ကာပူဝန်ကြီးချုပ်နှင့် ဖိလစ်ပိုင်သမ္မတတို့​တွေ့ဆုံ​နေကြစဥွ်။ File Photo)

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ရှားရန် စစ်ကောင်စီကို စင်ကာပူဝန်ကြီးချုပ်နှင့် ဖိလစ်ပိုင်သမ္မတတို့က ပူးတွဲထုတ်ပြန်သည်။

စင်ကာပူသို့ နိုင်ငံတော်အဆင့်သွားရောက်သည့် ဖိလစ်ပိုင်သမ္မတ၏ ခရီးစဉ်အတွင်း ခေါင်းဆောင်နှစ်ဦးက ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာပါဝင်ပတ်သက်သူများနှင့် အပြုသဘောတွေ့ဆုံဆွေးနွေးရေး အာဆီယံအထူးကိုယ်စားလှယ်၏ ကြိုးပမ်းချက်ကို ပူးပေါင်းဆောင်ရွက်ခြင်းမရှိမှု အပါအဝင် မြန်မာစစ်အာဏာပိုင်များကအာဆီယံ သဘောတူညီချက်၅ရပ်ကိုအချိန်နှင့်တပြေးညီအကောင်အထည်ဖော်ရေး ကတိမတည်မှုနှင့် တိုးတက်မှုနှေးကွေးသည့်အပေါ် လွန်စွာစိတ်ပျက်ကြောင်း ဖော်ပြသည်။

မကြာသေးမီက အတိုက်အခံတက်ကြွလှုပ်ရှားသူ လေးဦးကို ကွပ်မျက်ခြင်းနှင့် နိုင်ငံအတွင်း ရှည်ကြာနေသော နိုင်ငံရေးအကျပ်အတည်းအပါအဝင် မြန်မာ့အရေးကို လွန်စွာစိုးရိမ် ကြောင်းလည်း ခေါင်းဆောင်နှစ်ဦးက ပူးတွဲထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံခြားသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် ခေါင်းဆောင် နှစ်ဦးက တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

စင်ကာပူဝန်ကြီးချုပ်နှင့် ဖိလစ်ပိုင်သမ္မတတို့သည် မြန်မာ့အရေးတွင် ကုလသဂ္ဂ၏ ပါဝင်ညှိနှိုင်းပေးမှု၊ ကုလအထူးကိုယ်စားလှယ်၏ လုပ်ဆောင်မှုတို့ကိုလည်း အားပေးထောက်ခံကြောင်း ထပ်လောင်းအတည်ပြုသည်။ ကုလသဂ္ဂကိုယ်စားလှယ်များနှင့် အေဂျင်စီများကို မြန်မာနိုင်ငံသို့ အပြည့်အ၀ဝင်ရောက်သွားလာနိုင်ရေးကိုလည်း တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။