Connect with us

Hi, what are you looking for?

သတင်း

မင်းတပ် CDFနှင့် ကျောက်ထု PDF ပူးပေါင်းတိုက်ခိုက်၍ စစ်ကောင်စီတပ် သုံးဦးသေ

တိုက်ပွဲဖြစ်ပွားချိန်၌ စစ်ကောင်စီ၏ ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီး ပစ်ကူပေးလာကြောင်း၊ ထိုသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရာ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

(မင်းတပ် CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chin Defence Force - Mindat)
(မင်းတပ် CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chin Defence Force - Mindat)

မကွေးတိုင်း ယောနယ်သို့ စစ်ကြောင်းထိုးရန် ဝင်ရောက်လေ့ရှိသည့် စစ်ကောင်စီတပ်ကို ချင်းပြည်နယ်နှင့် ယောနယ်စပ်တွင် မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)နှင့် ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့၍ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

ချင်းပြည်နယ် မင်းတပ်မြို့နယ် မယ်လယ်ကုန်းရွာနှင့် လှော်၀ရွာအကြားတွင် စက်တင်ဘာ ၉ရက် နံနက် ၁၁နာရီခွဲမှ စ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဆိုသည်။

“ဒါက ယောနယ်ကို ပုံမှန်သွားနေတဲ့ စစ်ကြောင်း။ ဒီတစ်ခေါက်မှာ အဲဒီ လှော်၀တို့ မယ်လယ်ကုန်းတို့ဆိုတာ ချင်းပြည်နယ်။ ဒါပေမဲ့ ယောနယ်နဲ့ ပိုနီးစပ်တဲ့ ချင်းရွာတွေ။ ဒီကောင်တွေက မနေ့က လှော်ဝမှာ အိပ်တယ်။ ဒီမနက်မှာ မယ်လယ်ကုန်းကို ဆင်းလာတာ။ မယ်လယ်ကုန်းက ချင်းတောင်လည်း တက်လို့ရတယ်။ ယောနယ်လည်း ဆင်းလို့ရတယ်။ မယ်လယ်ကုန်းကို ထွက်လာတာကို မင်းတပ် CDFနဲ့ ကျောက်ထု PDF ပူးပေါင်း စစ်ဆင်ရေးပုံစံနဲ့ ပြောက်ကျားစနစ်နဲ့ တိုက်တာပေါ့”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန်၌ စစ်ကောင်စီ၏ ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီး ပစ်ကူပေးလာကြောင်း၊ ထိုသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရာ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“အကျအဆုံးက သူတို့ဘက်က သုံးယောက်လောက်ရှိတယ်။ အများအပြားတော့ ဒဏ်ရာရတယ်လို့ ရှေ့တန်းက နယ်မြေခံတပ်ရင်းမှူးက သတင်းပို့ထားတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ ယခု ပြန်လည်၍ တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အတွင်း ထိုးစစ်ဆင် ဝင်ရောက် လာခြင်းမရှိ၍ တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့ခြင်းဖြစ်သည်ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။