Connect with us

Hi, what are you looking for?

သတင်း

မုံရွာအကျဥ်းဦးစီးဌာနမှ အရာရှိတစ်ဦးကို PDF ဖမ်းဆီးထိန်းသိမ်း

ဖမ်းဆီးရမိသည့် အကျဥ်းဦးစီးအရာရှိအား မည်သို့ ဆက်လက်ဆောင်ရွက်မည်​ကို ထုတ်ပြန် ချက်တွင် အသိပေးထားခြင်း မရှိပေ။

(ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အကျဥ်းဦးစီးဌာန၏ အရာရှိအား တွေ့ရစဉ်၊ဓာတ်ပုံ-Fight For People F.F.P)
(ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အကျဥ်းဦးစီးဌာန၏ အရာရှိအား တွေ့ရစဉ်၊ဓာတ်ပုံ-Fight For People F.F.P)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အကျဥ်းဦးစီးဌာနမှ အရာရှိတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း Fight For People F.F.P ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ ၉ ရက်)က အကျဉ်းထောင်များကြီးကြပ်ရေးအဖွဲ့၏ အင်ဂျင်နီယာ-ဒုကြီးကြပ်ရေးမှူး အကျဉ်းဦးစီးဌာန နှစ်ပွင့်ဗိုလ်မျိုးညွန့်အောင် ကိုယ်ပိုင်နံပါတ် က-၃၃၈၆ကို မုံရွာမြို့နယ်၊ သာစည် ကျေးရွာတွင် အသစ်ဆောက်လုပ်နေသောအကျဉ်းထောင်မှ တိတ်တဆိတ်ထွက်ခွာလာချိန် သာစည်လမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင်တပ်ရင်း( ၂ )တပ်ခွဲ (၄) Fight For People F.F.P ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

ဖမ်းဆီးရမိသည့် အကျဥ်းဦးစီးအရာရှိအား မည်သို့ ဆက်လက်ဆောင်ရွက်မည်​ကို ထုတ်ပြန် ချက်တွင် အသိပေးထားခြင်း မရှိပေ။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ Fight For People F.F.P ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ် မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

မုံရွာအကျဥ်းထောင်သည် နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးအကျဥ်းချခံခဲ့ရသူများအား ထောင်တွင်းဖိနှိပ်အကြမ်းဖက်မှုများ ပြုလုပ်နေပြီး ပြီးခဲ့သည့် ဧပြီ၃ ရက်ကလည်း ထောင်တွင်းဆန္ဒပြမှုဖြစ်ပွားရာ ပစ်ခတ်ဖြိုခွင်းခဲ့၍ လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Facebook