Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲနယ်ရှိ ကျေးရွာအချို့ကို စစ်အုပ်စု စီးနင်းပြီး ဒေသခံများ​၏ ပစ္စည်းများကို လုယူသယ်ဆောင်

ပုလဲမြို့နယ်မှ လှော်ကားနှင့် တနယ်ကျေးရွာအတွင်းသို့ စစ်ကောင်စီနှင့် ပျူစောထီးအင်အား ၂၀၀ ကျော်က အကြမ်းဖက်ဝင်ရောက်ကာ ဒေသခံများ၏နေအိမ်များကို မွှေနှောက်လုယက်နေသည်ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(မင်းတိုင်ပင်ရွာရှိ နေအိမ်များကို စစ်ကောင်စီနှင့်ပျူစောထီးများ ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ - CJ)
(မင်းတိုင်ပင်ရွာရှိ နေအိမ်များကို စစ်ကောင်စီနှင့်ပျူစောထီးများ ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ကျေးရွာအချို့ကို စစ်ကောင်စီနှင့် ပျူစောထီးများက စစ်ကြောင်းထိုးနေပြီး ကျေးရွာနှစ်ရွာမှ အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန်များကို လှည်း ၃၇ စီးဖြင့် လုယူသွားသည်။

ဒေသခံများမှာလည်း ထွက်ပြေးနေရပြီး အရပ်သားအမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

(မင်းတိုင်ပင်ရွာရှိ နေအိမ်များကို စစ်ကောင်စီနှင့်ပျူစောထီးများ ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ - CJ)
(မင်းတိုင်ပင်ရွာရှိ နေအိမ်များကို စစ်ကောင်စီနှင့်ပျူစောထီးများ ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ – CJ)

ပုလဲမြို့နယ်မှ လှော်ကားနှင့် တနယ်ကျေးရွာအတွင်းသို့ စစ်ကောင်စီနှင့် ပျူစောထီးအင်အား ၂၀၀ ကျော်က အကြမ်းဖက်ဝင်ရောက်ကာ ဒေသခံများ၏နေအိမ်များကို မွှေနှောက်လုယက်နေသည်ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

” စခနဲ့ပျူတွေ ရွာတွေပတ် ရိက္ခာစုနေတယ်။လှည်းတွေနဲ့လာကြတယ်။ ရိက္ခာတွေ သယ်သွားတယ်။ ရွာခုနှစ်ရွာလောက်​ပြေးနေရတယ်”ဟု အထက်ပါ ပြည်သူ့ရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် ပျုစောထီးများသည် ပုလဲမြို့နယ် အတွင်း ကျေးရွာများကို စက်တင်ဘာလ ၉ရက် တနေကုန်မွှေနှောက်ခဲ့ပြိး လှော် ကားနှင့်တနယ် ကျေးရွာအတွင်းမှ ဒေသခံများပိုင်ဆိုင်သော အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန်များကို လှည်း ၃၇စီးဖြင့် ယနေ့(စက်တင်ဘာ၁၀ရက်) သယ်ထုတ်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

(မင်းတိုင်ပင်ရွာရှိ နေအိမ်များကို စစ်ကောင်စီနှင့်ပျူစောထီးများ ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ - CJ)
(မင်းတိုင်ပင်ရွာရှိ နေအိမ်များကို စစ်ကောင်စီနှင့်ပျူစောထီးများ ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ – CJ)

တနယ်ရွာမှ အမျိုးသားတစ်ဦးကို ပစ်သတ်သွားခဲ့သည်။ယနေ့နံနက်တွင် လှော်ကားနှင့် တနယ် ကျေးရွာမှ ထွက်ခွာသွားပြီးနောက် အနီးဝန်းကျင်ရွာများသို့ ဦးတည်နေ၍ ဖိုကုန်းနှင့် ကံပေါက်ရွာအပါအဝင် ကျေးရွခုနှစ်ရွာမှဒေသခံများ ထွက်ပြေးနေကြရသည်။

ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်ရှိစစ်ကောင်စီစစ်ကြောင်းနှင့် လက်နက်အင် အားမမျှ၍ ရင်ဆိုင်တိုက်ခိုက်နိုင်းခြင်းမရှိဖြစ်နေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းကလည်းပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က အကြမ်းဖက်စီးနင်းပြီး ဒေသခံသုံးဦးကို သတ်သွားခဲ့သည်။

ထို့အပြင် ဒေသခံများပိုင်ဆိုင်သော နေအိမ်များကို ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းများကို ကားများဖြင့် သယ်ဆောင်သွားခဲ့ကြသေးသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီသည် နိုဝင်ဘာ ၁၃ရက်က ရခိုင်ပြည်နယ်၌ AAက စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေချိန်၌ အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်းများပြုလုပ်နေသည်ဟု AA က သတိပေးသည်။