Connect with us

Hi, what are you looking for?

သတင်း

ပုလဲနယ်ရှိ ကျေးရွာအချို့ကို စစ်အုပ်စု စီးနင်းပြီး ဒေသခံများ​၏ ပစ္စည်းများကို လုယူသယ်ဆောင်

ပုလဲမြို့နယ်မှ လှော်ကားနှင့် တနယ်ကျေးရွာအတွင်းသို့ စစ်ကောင်စီနှင့် ပျူစောထီးအင်အား ၂၀၀ ကျော်က အကြမ်းဖက်ဝင်ရောက်ကာ ဒေသခံများ၏နေအိမ်များကို မွှေနှောက်လုယက်နေသည်ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(မင်းတိုင်ပင်ရွာရှိ နေအိမ်များကို စစ်ကောင်စီနှင့်ပျူစောထီးများ ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ - CJ)
(မင်းတိုင်ပင်ရွာရှိ နေအိမ်များကို စစ်ကောင်စီနှင့်ပျူစောထီးများ ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ကျေးရွာအချို့ကို စစ်ကောင်စီနှင့် ပျူစောထီးများက စစ်ကြောင်းထိုးနေပြီး ကျေးရွာနှစ်ရွာမှ အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန်များကို လှည်း ၃၇ စီးဖြင့် လုယူသွားသည်။

ဒေသခံများမှာလည်း ထွက်ပြေးနေရပြီး အရပ်သားအမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

(မင်းတိုင်ပင်ရွာရှိ နေအိမ်များကို စစ်ကောင်စီနှင့်ပျူစောထီးများ ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ - CJ)
(မင်းတိုင်ပင်ရွာရှိ နေအိမ်များကို စစ်ကောင်စီနှင့်ပျူစောထီးများ ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ – CJ)

ပုလဲမြို့နယ်မှ လှော်ကားနှင့် တနယ်ကျေးရွာအတွင်းသို့ စစ်ကောင်စီနှင့် ပျူစောထီးအင်အား ၂၀၀ ကျော်က အကြမ်းဖက်ဝင်ရောက်ကာ ဒေသခံများ၏နေအိမ်များကို မွှေနှောက်လုယက်နေသည်ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

” စခနဲ့ပျူတွေ ရွာတွေပတ် ရိက္ခာစုနေတယ်။လှည်းတွေနဲ့လာကြတယ်။ ရိက္ခာတွေ သယ်သွားတယ်။ ရွာခုနှစ်ရွာလောက်​ပြေးနေရတယ်”ဟု အထက်ပါ ပြည်သူ့ရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် ပျုစောထီးများသည် ပုလဲမြို့နယ် အတွင်း ကျေးရွာများကို စက်တင်ဘာလ ၉ရက် တနေကုန်မွှေနှောက်ခဲ့ပြိး လှော် ကားနှင့်တနယ် ကျေးရွာအတွင်းမှ ဒေသခံများပိုင်ဆိုင်သော အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန်များကို လှည်း ၃၇စီးဖြင့် ယနေ့(စက်တင်ဘာ၁၀ရက်) သယ်ထုတ်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

(မင်းတိုင်ပင်ရွာရှိ နေအိမ်များကို စစ်ကောင်စီနှင့်ပျူစောထီးများ ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ - CJ)
(မင်းတိုင်ပင်ရွာရှိ နေအိမ်များကို စစ်ကောင်စီနှင့်ပျူစောထီးများ ဖျက်ဆီးခဲ့စဥ်၊ဓာတ်ပုံ – CJ)

တနယ်ရွာမှ အမျိုးသားတစ်ဦးကို ပစ်သတ်သွားခဲ့သည်။ယနေ့နံနက်တွင် လှော်ကားနှင့် တနယ် ကျေးရွာမှ ထွက်ခွာသွားပြီးနောက် အနီးဝန်းကျင်ရွာများသို့ ဦးတည်နေ၍ ဖိုကုန်းနှင့် ကံပေါက်ရွာအပါအဝင် ကျေးရွခုနှစ်ရွာမှဒေသခံများ ထွက်ပြေးနေကြရသည်။

ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်ရှိစစ်ကောင်စီစစ်ကြောင်းနှင့် လက်နက်အင် အားမမျှ၍ ရင်ဆိုင်တိုက်ခိုက်နိုင်းခြင်းမရှိဖြစ်နေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းကလည်းပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က အကြမ်းဖက်စီးနင်းပြီး ဒေသခံသုံးဦးကို သတ်သွားခဲ့သည်။

ထို့အပြင် ဒေသခံများပိုင်ဆိုင်သော နေအိမ်များကို ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းများကို ကားများဖြင့် သယ်ဆောင်သွားခဲ့ကြသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။