Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စခန်းကုန်းတစ်ခု သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်မှ အများအပြားသေဆုံးဟု AA ထုတ်ပြန်

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု AAက အသိပေးထားသည်။

စခန်းကုန်းတစ်ခု သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်မှ အများအပြားသေဆုံးဟု AA ထုတ်ပြန်
စခန်းကုန်းတစ်ခု သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်မှ အများအပြားသေဆုံးဟု AA ထုတ်ပြန်

▪︎လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိပြီးစစ်ကောင်စီတပ်သားအချို့ ကိူဖမ်းမိရဟု ဖော်ပြ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စခန်းကုန်းတစ်ခုကို ယနေ့ စက်တင်ဘာ ၁၀ရက်မနက်က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ အများအပြားသေဆုံးခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

လောင်းဒို(မြို့)ရွာ (ခ) ဂြိတ်ချောင်းကျေးရွာ အနီးရှိ စစ်ကောင်စီ၏ ခမရ(၃၅၂) တပ်ရင်း စခန်းကုန်းကို AAက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တစ်နရာရီကျော်သာ တိုက်ခိုက်ခဲ့ရပြီး စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့ သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု AAက အသိပေးထားသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားရာ စခန်းကုန်းအနီးတဝိုက်သို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် တစ်နေကုန် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

AA အနေဖြင့် ဩဂုတ် ၃၁ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခု ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်စခန်းတစ်ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် မိုင်တိုင် ၄၀ အနီးရှိ တပ်စခန်းအားပြန်လည်ရယူရန်ကြိုးစားနေပြီး စစ်အင်အားများတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့် ၎င်းစခန်းအနီးတဝိုက် အပြင် တခြားရက္ခိုင်နှင့်ပလက်ဝရှိ နေရာများကိုပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေကြောင်း ကေ ထုတ်ပြန်သည်။

ထိုသို့ ထိုးစစ်ဆင်နေသည်မှာ တစ်ပတ်ကျော်ကြာပြီဖြစ်ကြောင်းနှင့် ယနေ့ သိမ်းပိုက်ခဲ့သည့် တပ်စခန်းကုန်းသည် မိုင်တိုင်အမှတ် (၄၀) မှ ဝေးကွာသောနေရာ၌ ရှိကြောင်း ဖော်ပြထားသည်။

တိုက်ပွဲနောက်ဆက်တွဲသတင်းများကို ဖော်ပြမည်ဟုလည်း AAက အသိပေးထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။