Connect with us

Hi, what are you looking for?

သတင်း

စခန်းကုန်းတစ်ခု သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်မှ အများအပြားသေဆုံးဟု AA ထုတ်ပြန်

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု AAက အသိပေးထားသည်။

စခန်းကုန်းတစ်ခု သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်မှ အများအပြားသေဆုံးဟု AA ထုတ်ပြန်
စခန်းကုန်းတစ်ခု သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်မှ အများအပြားသေဆုံးဟု AA ထုတ်ပြန်

▪︎လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိပြီးစစ်ကောင်စီတပ်သားအချို့ ကိူဖမ်းမိရဟု ဖော်ပြ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စခန်းကုန်းတစ်ခုကို ယနေ့ စက်တင်ဘာ ၁၀ရက်မနက်က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ အများအပြားသေဆုံးခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

လောင်းဒို(မြို့)ရွာ (ခ) ဂြိတ်ချောင်းကျေးရွာ အနီးရှိ စစ်ကောင်စီ၏ ခမရ(၃၅၂) တပ်ရင်း စခန်းကုန်းကို AAက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တစ်နရာရီကျော်သာ တိုက်ခိုက်ခဲ့ရပြီး စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့ သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု AAက အသိပေးထားသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားရာ စခန်းကုန်းအနီးတဝိုက်သို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် တစ်နေကုန် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

AA အနေဖြင့် ဩဂုတ် ၃၁ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခု ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်စခန်းတစ်ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် မိုင်တိုင် ၄၀ အနီးရှိ တပ်စခန်းအားပြန်လည်ရယူရန်ကြိုးစားနေပြီး စစ်အင်အားများတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့် ၎င်းစခန်းအနီးတဝိုက် အပြင် တခြားရက္ခိုင်နှင့်ပလက်ဝရှိ နေရာများကိုပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေကြောင်း ကေ ထုတ်ပြန်သည်။

ထိုသို့ ထိုးစစ်ဆင်နေသည်မှာ တစ်ပတ်ကျော်ကြာပြီဖြစ်ကြောင်းနှင့် ယနေ့ သိမ်းပိုက်ခဲ့သည့် တပ်စခန်းကုန်းသည် မိုင်တိုင်အမှတ် (၄၀) မှ ဝေးကွာသောနေရာ၌ ရှိကြောင်း ဖော်ပြထားသည်။

တိုက်ပွဲနောက်ဆက်တွဲသတင်းများကို ဖော်ပြမည်ဟုလည်း AAက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook