Connect with us

Hi, what are you looking for?

သတင်း

တကောင်းမြို့မှထွက်လာသည့် စစ်ကောင်စီတပ် ယာဥ်နှစ်စီးကို ပဒေသာမိုင်းခြောက်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

တကောင်းမြို့သို့ စစ်ကားအသေး လေးစီးဝင်ခဲ့ရာ နှစ်စီးမှာ ‌တကောင်းဆေးရုံ၌ကျန်ရှိနေပြီး ကျန်နှစ်စီးမှာမြို့မှပြန်ထွက်လာစဉ် ယနေ့နေ့လယ် ၁၂ ခွဲခန့်တွင် ဆင်ညှပ်ကုန်းရွာဝင်နား၌ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

(တကောင်း PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)
(တကောင်း PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

▪️ပြည်သူကိုငဲ့ရ၍ အထိအခိုက်နည်းနိုင်ဟုဆို

သပိတ်ကျင်းမြို့နယ် တကောင်းမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ် ယာဥ်နှစ်စီးကို ပဒေသာမိုင်းခြောက် လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တကောင်း PDF က ယနေ့(စက်တင်ဘာ ၁၁) ထုတ်ပြန်သည်။

တကောင်းမြို့သို့ စစ်ကားအသေး လေးစီးဝင်ခဲ့ရာ နှစ်စီးမှာ ‌တကောင်းဆေးရုံ၌ကျန်ရှိနေပြီး ကျန်နှစ်စီးမှာမြို့မှပြန်ထွက်လာစဉ် ယနေ့နေ့လယ် ၁၂ ခွဲခန့်တွင် ဆင်ညှပ်ကုန်းရွာဝင်နား၌ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မိုင်းကွင်းသို့ စစ်ကောင်စီယာဉ်နှစ်စီးအဝင်တွင် ပြည်သူကားတစ်စီးကြားညှပ်ပါလာသဖြင့် ငဲ့ညှာကာ ပြည်သူ့ကားမှာ စစ်ကောင်စီကားများအကျော်သို့ရောက်ချိန်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရခြင်းဖြစ်၍ စစ်ကောင်စီတပ်များ ထိခိုက်မှုနည်းနိုင် သည်ဟု ဆိုသည်။

“ပြည်သူတွေ ငဲ့နေရတာနဲ့ မစ်ရှင်မအောင်လိုက်ဘူး”ဟု တကောင်း PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက အ သိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မည့်နေရာအနီးတွင် စစ်ကောင်စီကားအရှေ့၌လည်း ပြည်သူကားနှစ်စီးရှိနေခြင်းကြောင့် မိုင်းများအစီစဉ်တကျ ထောင်ထားသော်လည်း ပြည်သူ့ကားများရှိနေ၍ နောက်ကျမှဆွဲလိုက်ရသဖြင့် စစ်ကောင်စီတပ်သားများ အထိအခိုက်နည်းနိုင်သည် ဟု ဖော်ပြသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီကားများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော် များ ထိခိုက်ခြင်းမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအား အထူးသတိပေးလိုသည်မှာ စစ်ကောင်စီစစ်ယာဉ်တန်းများနှင့် ကပ်လိုက်ခြင်းမပြုကြရန်နှင့် ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာပေးကြရန် အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။