Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦး – တန့်ဆည်လမ်းပိုင်းအား ယာယီပိတ်

ရေဦးမြို့အဝင်တွင်လည်း စစ်ကောင်စီတပ်က အကြမ်းဖက်စစ်ဆေးမှုများ ပြုလုပ်နေပြီး ရပ်ကျေးထောက်ခံချက်မပါပါက ဖြတ်သန်းခွင့်မပြုကြောင်း နယ်ခံများက ပြောသည်။

(လမ်းပိုင်းယာယီပိတ်ထားသော ရေဦး - တန့်ဆည်လမ်းအား Google Mapက တစ်ဆင့် တွေ့ရစဥ်)
(လမ်းပိုင်းယာယီပိတ်ထားသော ရေဦး - တန့်ဆည်လမ်းအား Google Mapက တစ်ဆင့် တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ရေဦး – တန့်ဆည် လမ်းပိုင်းအား ယာယီပိတ်ထားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ညနေပိုင်းတွင် အသိပေးကြေညာသည်။

ခရီးသွားပြည်သူများအတွက် အချိန်မရွေး အန္တရာယ်ကျရောက်နိုင်သောကြောင့် ဖြတ်သန်းသွားလာခြင်းအား ခေတ္တရပ်နားပေးထားရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ရေဦး-တန့်ဆည်လမ်းပေါ်ရှိ ခပေါင်းကြိုင်ရွာတွင် ယမန်နေ့ (စက်တင်ဘာ၁၀ ရက်) နံနက် ၁၁နာရီခန့်က စတင်ဝင်ရောက်လာပြီး တပ်စွဲထားခဲ့ကြောင်း၊ခပေါင်းကြိုင်ရွာ အပါအဝင် အနီးနားကျေးရွာများက ပြည်သူများ စစ်တပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ရေဦးမြို့အဝင်တွင်လည်း စစ်ကောင်စီတပ်က အကြမ်းဖက်စစ်ဆေးမှုများ ပြုလုပ်နေပြီး ရပ်ကျေးထောက်ခံချက်မပါပါက ဖြတ်သန်းခွင့်မပြုကြောင်း နယ်ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ခင်ဦးမြို့နယ် အ​နောက်ခြမ်းရှိ​ကျေးရွာများကို ဇန်နဝါရီ ၃ရက်နေ့မှ ၁၂ရက်နေ့အတွင်းကလည်း စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်သွားခဲ့သည်။

သတင်း

ရေဦးမြို့ဘက်မှ ​အောင်သာယာကျေးရွာဘက်သို့ စစ်ကူတက်လာ​သော အင်အား ၅၀ကျော်ပါ စစ်​ကြောင်းမှာလည်း ​လေးရွာနှင့်ဇီးကန်ရွာကြားတွင် မိုင်းမိကာ ​လေးရွာအနီး၌ တပ်စွဲထားကြောင်း ဒေသတွင်း Infinity Group က ရေးသားသည်။

သတင်း

ဆယ်ဂဏန်းခန့်ပါတဲ့ လူအုပ်ဟာ မနေ့ နိုဝင်ဘာလ၈ ရက် နေ့လယ်ပိုင်းက တံတားပေါ်မှာ ဆန္ဒပြခဲ့ကြတာလို့စစ်ကိုင်းမြို့ခံအချို့က ပြောပြပါတယ်။

သတင်း

ယမန်နေ့ (နိုဝင်ဘာ ၈ ရက်) ညမှစ၍ သပိတ်ကျင်းမြို့နယ် (၇)မိုင်လမ်းခွဲမှ တကောင်း - ထီးချိုင့် လမ်းပိုင်းအား ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်းနှင့် လုံးဝဖြတ်သန်းခွင့်မရှိကြောင်း သပိတ်ကျင်း(ပကဖ)က အသိပေးသည်။