Connect with us

Hi, what are you looking for?

သတင်း

ရေဦး – တန့်ဆည်လမ်းပိုင်းအား ယာယီပိတ်

ရေဦးမြို့အဝင်တွင်လည်း စစ်ကောင်စီတပ်က အကြမ်းဖက်စစ်ဆေးမှုများ ပြုလုပ်နေပြီး ရပ်ကျေးထောက်ခံချက်မပါပါက ဖြတ်သန်းခွင့်မပြုကြောင်း နယ်ခံများက ပြောသည်။

(လမ်းပိုင်းယာယီပိတ်ထားသော ရေဦး - တန့်ဆည်လမ်းအား Google Mapက တစ်ဆင့် တွေ့ရစဥ်)
(လမ်းပိုင်းယာယီပိတ်ထားသော ရေဦး - တန့်ဆည်လမ်းအား Google Mapက တစ်ဆင့် တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ရေဦး – တန့်ဆည် လမ်းပိုင်းအား ယာယီပိတ်ထားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ညနေပိုင်းတွင် အသိပေးကြေညာသည်။

ခရီးသွားပြည်သူများအတွက် အချိန်မရွေး အန္တရာယ်ကျရောက်နိုင်သောကြောင့် ဖြတ်သန်းသွားလာခြင်းအား ခေတ္တရပ်နားပေးထားရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ရေဦး-တန့်ဆည်လမ်းပေါ်ရှိ ခပေါင်းကြိုင်ရွာတွင် ယမန်နေ့ (စက်တင်ဘာ၁၀ ရက်) နံနက် ၁၁နာရီခန့်က စတင်ဝင်ရောက်လာပြီး တပ်စွဲထားခဲ့ကြောင်း၊ခပေါင်းကြိုင်ရွာ အပါအဝင် အနီးနားကျေးရွာများက ပြည်သူများ စစ်တပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ရေဦးမြို့အဝင်တွင်လည်း စစ်ကောင်စီတပ်က အကြမ်းဖက်စစ်ဆေးမှုများ ပြုလုပ်နေပြီး ရပ်ကျေးထောက်ခံချက်မပါပါက ဖြတ်သန်းခွင့်မပြုကြောင်း နယ်ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းရေဦးမြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ယမန်နေ့(ဇွန်လ ၂၇ရက်) ညနက်ပိုင်းမှာ စစ်အုပ်စုက ဘူဒိုဇာနဲ့ထိုးပြီး ဖြိုချဖျက်ဆီးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေမှာ ဆည်ရေမရလို့ ဒီနှစ် နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိကြောင်း ဒေသခံတောင်သူအချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်စပ်မှာတိုက်ပွဲတွေကြောင့်ကျေးရွာပေါင်း၂၀ ကျော် တိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူတွေဟာ အကူအညီတွေလိုအပ်နေပါတယ်။