Connect with us

Hi, what are you looking for?

သတင်း

ထီးလင်း PDFဆေးအဖွဲ့အနေဖြင့် သုံးလအတွင်း ဒေသခံနှင့် စစ်ရှောင်၈၀၀နီးပါးကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ဟု အသိပေး

ကူညီလိုပါက People Defence Force -Htilin (YRPA)၏ဆေးတာ၀န်ခံ သိန်း(၁၀၀)challenge https://www.facebook.com/wai.w.aung.31105674ထံသို့ ပါဝင်ကူညီနိုင်သည်ဟု ထုတ်ပြန်ထားသည်။

(YRPA) Medical Team ၏ကျန်းမာရေးလှုပ်ရှားမှုများအား တွေ့ရစဥ်၊ People's Defence Force - Htilin
(YRPA) Medical Team ၏ကျန်းမာရေးလှုပ်ရှားမှုများအား တွေ့ရစဥ်၊ People's Defence Force - Htilin

ငွေကြေးနှင့် ဆေးဝါးလိုအပ်ချက်များရှိ၍ ပြည်သူများကူညီပေးကြရန် ဖိတ်ခေါ်

မကွေးတိုင်း ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF) ဆေးအဖွဲ့အနေဖြင့် ကျေးရွာပေါင်း (၁၆)ရွာ ၊ စစ်ဘေးရှောင်စခန်း(၃)ခု လူနာဦးရေ (၇၇၈)ယောက်အထိ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီးဖြစ်ကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။

ကျန်းမာရေးစောင့်ရှောက်မှုရရန်အားနည်းသော ၊ ဆေးဝါးပစ္စည်းမှာယူရန်ခက်ခဲသော ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်လိုအပ်နေသော ကျေးရွာများသို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည်မှာ ယခုနှစ် ဇွန်လပိုင်းကတည်းက ဖြစ်သည်ဟု ဆိုသည်။

ကျေးရွာများသို့လည်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ပြည်သူ့လိုအပ်ချက်ကို တထောင့်တနေရာက ဖြည့်ဆည်းကူညီပေးနေသော်လည်း ငွေအင်အား ၊ဆေးအင်အားနည်းပါးသောကြောင့် ယခုအခါ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များရပ်တန့်ထားရကြောင်း၊ ထို့ကြောင့် ယခင် လှုပ်ရှားခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များလည်ပတ်နိုင်ရန် ဆေးဝါးအလှူ၊ဆေးဝါးပစ္စည်း၀ယ်ယူရန်အလှူငွေများ ထည့်၀င်ကူညီနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကူညီလိုပါက People Defence Force -Htilin (YRPA)၏ဆေးတာ၀န်ခံ သိန်း(၁၀၀)challenge https://www.facebook.com/wai.w.aung.31105674ထံသို့ ပါဝင်ကူညီနိုင်သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်တွင် တပ်ခွဲ(၆)ခု၌ ကျန်းမာရေးပြဿနာဖြေရှင်းပေးနိုင်ရန် ဆေးသင်တန်း (၁)လကျော် သင်ကြားပေးခဲ့ပြီး စာတွေ့လက်‌တွေ့အထိပါ ကြိုးစားသင်ကြားပေးခဲ့ကြောင်း၊ ဆေးတပ်သား ၁၂ဦးလုံး အရည်အချင်းစစ်စာမေးပွဲ အောင်မြင်၍ တပ်ခွဲအသီးသီးတွင် တာ၀န်ထမ်းဆောင်နေကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ