Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးလင်း PDFဆေးအဖွဲ့အနေဖြင့် သုံးလအတွင်း ဒေသခံနှင့် စစ်ရှောင်၈၀၀နီးပါးကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ဟု အသိပေး

ကူညီလိုပါက People Defence Force -Htilin (YRPA)၏ဆေးတာ၀န်ခံ သိန်း(၁၀၀)challenge https://www.facebook.com/wai.w.aung.31105674ထံသို့ ပါဝင်ကူညီနိုင်သည်ဟု ထုတ်ပြန်ထားသည်။

(YRPA) Medical Team ၏ကျန်းမာရေးလှုပ်ရှားမှုများအား တွေ့ရစဥ်၊ People's Defence Force - Htilin
(YRPA) Medical Team ၏ကျန်းမာရေးလှုပ်ရှားမှုများအား တွေ့ရစဥ်၊ People's Defence Force - Htilin

ငွေကြေးနှင့် ဆေးဝါးလိုအပ်ချက်များရှိ၍ ပြည်သူများကူညီပေးကြရန် ဖိတ်ခေါ်

မကွေးတိုင်း ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF) ဆေးအဖွဲ့အနေဖြင့် ကျေးရွာပေါင်း (၁၆)ရွာ ၊ စစ်ဘေးရှောင်စခန်း(၃)ခု လူနာဦးရေ (၇၇၈)ယောက်အထိ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီးဖြစ်ကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။

ကျန်းမာရေးစောင့်ရှောက်မှုရရန်အားနည်းသော ၊ ဆေးဝါးပစ္စည်းမှာယူရန်ခက်ခဲသော ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်လိုအပ်နေသော ကျေးရွာများသို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည်မှာ ယခုနှစ် ဇွန်လပိုင်းကတည်းက ဖြစ်သည်ဟု ဆိုသည်။

ကျေးရွာများသို့လည်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ပြည်သူ့လိုအပ်ချက်ကို တထောင့်တနေရာက ဖြည့်ဆည်းကူညီပေးနေသော်လည်း ငွေအင်အား ၊ဆေးအင်အားနည်းပါးသောကြောင့် ယခုအခါ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များရပ်တန့်ထားရကြောင်း၊ ထို့ကြောင့် ယခင် လှုပ်ရှားခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များလည်ပတ်နိုင်ရန် ဆေးဝါးအလှူ၊ဆေးဝါးပစ္စည်း၀ယ်ယူရန်အလှူငွေများ ထည့်၀င်ကူညီနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကူညီလိုပါက People Defence Force -Htilin (YRPA)၏ဆေးတာ၀န်ခံ သိန်း(၁၀၀)challenge https://www.facebook.com/wai.w.aung.31105674ထံသို့ ပါဝင်ကူညီနိုင်သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်တွင် တပ်ခွဲ(၆)ခု၌ ကျန်းမာရေးပြဿနာဖြေရှင်းပေးနိုင်ရန် ဆေးသင်တန်း (၁)လကျော် သင်ကြားပေးခဲ့ပြီး စာတွေ့လက်‌တွေ့အထိပါ ကြိုးစားသင်ကြားပေးခဲ့ကြောင်း၊ ဆေးတပ်သား ၁၂ဦးလုံး အရည်အချင်းစစ်စာမေးပွဲ အောင်မြင်၍ တပ်ခွဲအသီးသီးတွင် တာ၀န်ထမ်းဆောင်နေကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။