Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်နယ် လူ ၁၀ဦးသတ်ဖြတ်ခံရမှု ကျူးလွန် သူများကိုင်ဆောင်သည့်လက်နက်များ ဖြုတ်သိမ်းနိုင် ရန်ဆောင်ရွက်နေဟု NUG ကာကွယ်ရေးထုတ်ပြန်

ကာကွယ်ရေးတပ်ဖွဲ့များအကြား အမိန့်ပေးကွပ်ကဲမှု ကောင်းစွာတည်ဆောက်ရန် လိုအပ်နေသည်ကို တွေ့ရသည်ဟုလည်း ထုတ်ပြန်သည်။

ယင်းမာပင်နယ် လူ ၁၀ဦးသတ်ဖြတ်ခံရမှု ကျူးလွန် သူများကိုင်ဆောင်သည့်လက်နက်များ ဖြုတ်သိမ်းနိုင် ရန်ဆောင်ရွက်နေဟု NUG ကာကွယ်ရေးထုတ်ပြန်
ယင်းမာပင်နယ် လူ ၁၀ဦးသတ်ဖြတ်ခံရမှု ကျူးလွန် သူများကိုင်ဆောင်သည့်လက်နက်များ ဖြုတ်သိမ်းနိုင် ရန်ဆောင်ရွက်နေဟု NUG ကာကွယ်ရေးထုတ်ပြန်

▪️လူသတ်မှု၏ အဓိကတာဝန်ရှိသူများမှာ ကပိုင်ရွာအခြေပြု ဒေသကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၄)တာဝန်ခံ ဆရာစံနှင့်အဖွဲ့ဖြစ်ဟု ဖော်ပြ

▪️ပြစ်မှုကျူးလွန်သူများကို PDF ဖြစ်စေ၊ (ပကဖ) ဖြစ်စေ အသိအမှတ်ပြုမည်မဟုတ်ဘဲ မှားယွင်း သတ်ဖြတ်ခံရသည့် Hero Tiger အဖွဲ့ဝင် ၆ဦးကို PDFအဖြစ် တရားဝင်အသိအမှတ်ပြုမည်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် မီးသတ်ရဲဘော် လေးဦးနှင့် ဒေသခံ Hero Tiger အဖွဲ့မှ ဗိုလ်ထိုက်မောင် နှင့် ရဲဘော် ၅ဦး ၂၀၂၁ နိုဝင်ဘာက သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှု အစီရင်ခံစာကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ခဲ့ရာ ကျူးလွန်သူများ ကိုင်ဆောင်သည့်လက်နက်များ ဖြုတ်သိမ်းနိုင်ရန် ဆောင်ရွက်နေကြောင်း ဖော်ပြခဲ့သည်။

မီးသတ်ရဲဘော် လေးဦးကို တိုက်ကောင်း(ခ) ဗိုလ်ဘုန်းထက်အဖွဲ့က ဖမ်းဆီးခဲ့ရာ စစ်ဆေးစဉ် ယင်းမီးသတ်ရဲဘော်များသည် CDM ပြုလုပ်မထားခြင်း၊ လမ်းတလျှောက် ဓာတ်ပုံမှတ်တမ်းတင်ထားခြင်းတို့ကြောင့် သပြေအေးဆရာတော် (ခ) ဗိုလ်သံမဏိက ၎င်းမီးသတ်ရဲဘော် လေးဦးကို ကပိုင်အချုပ်ခန်း၌ ထိန်းသိမ်းထားရန် ညွှန်ကြားခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး အာမခံပေးရန် လာပို့ရွာ Hero Tiger အဖွဲ့မှ ဗိုလ်ထိုက်မောင်နှင့် ရဲဘော် ငါးဦးက ကပိုင်ရွာသို့ လာရောက်ရာ အဆိုပါ ၆ဦးနှင့် မီးသတ်ရဲဘော် လေးဦးတို့ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ယင်းမာပင်နယ် လူ ၁၀ဦးသတ်ဖြတ်ခံရမှု ကျူးလွန် သူများကိုင်ဆောင်သည့်လက်နက်များ ဖြုတ်သိမ်းနိုင် ရန်ဆောင်ရွက်နေဟု NUG ကာကွယ်ရေးထုတ်ပြန်
ယင်းမာပင်နယ် လူ ၁၀ဦးသတ်ဖြတ်ခံရမှု ကျူးလွန် သူများကိုင်ဆောင်သည့်လက်နက်များ ဖြုတ်သိမ်းနိုင် ရန်ဆောင်ရွက်နေဟု NUG ကာကွယ်ရေးထုတ်ပြန်

ယင်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ တိုင်ကြားချက်ရရှိ၍ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းရေးဗဟိုကော်မရှင်က ဗိုလ်သံမဏိ ၊ ဗိုလ်နဂါး၊ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ယက်မှ တာဝန်ရှိသူများကို ကနဦးစုံစမ်းမေးမြန်းခဲ့ကြောင်း၊ ထို့နောက် ကျူးလွန်သည်ဟု သံသယရှိသူများ၊နစ်နာသူများကို မေးမြန်းရန် ဆက်လက်ဆောင်ရွက်ရာ နစ်နာသူ မိသားစုဝင် ၁၁ဦး ၊ ရပ်ရွာအကြီး အကဲ၊ (ဖကဖ) တာဝန်ရှိသူ တစ်ဦး၊ စွပ်စွဲခံရသူ သုံးဦး နှင့် အခြားသက်သေ ၇ဦးတို့ကို စစ်ဆေးမေးမြန်းခဲ့သည်ဟု ဆိုသည်။

စွပ်စွဲခံရသူ လေးဦးဖြစ်သည့် ဗိုလ်သံမဏိ၊ တိုက်ကောင်း၊ မောင်ဦးနှင့် ရဲလေးတို့အနက် တိုက်ကောင်းသည် ကောမရှင်၏ အကြိမ်ကြိမ် ဆင့်ခေါ်မှုကိုလာရောက်ဖြေကြားခြင်းမရှိကြောင်း၊ စစ်ဆေးချက်များအရအမှုတွင် အဓိက တာဝန်ရှိသူများမှာ ကပိုင်ရွာ အခြေပြုသည့် ယင်းမာပင်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၄)၏ တာဝန်ခံ ဆရာစံနှင့် အာပီဂျီ(ခ) အောင်ဇောတို့မှာ အဓိက တာဝန်ရှိသူများဖြစ်ကြောင်း၊ ၎င်းတို့အား ဆင့်ခေါ် စစ်ဆေးနိုင်ရန် အခက်အခဲရှိခဲ့ပြီး ဆိုင်ရာ စစ်ဖက်တရားရုံးများက ဥပဒေနှင့်အညီ စစ်ဆေးအရေးယူရန် ကော်မရှင်ကအကြံပြုခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ဆေးတွေ့ရှိချက်အရ မီးသတ်ရဲဘော်များသည် CDM ပြုလုပ်ထားခြင်းမရှိဘဲ လမ်းတလျှောက် ဓာတ်ပုံမှတ်တမ်းတင်ထားသည့်အပေါ် တော်လှန်ရေးရဲဘော်များက သင်္ကာမကင်းဖြစ်ပြီး ဖမ်းဆီးခဲ့သည့် ကိစ္စမှအစပြုပြီး လူ ၁၀ဦးကို မှားယွင်း စွပ်စွဲသတ်ဖြတ်ခဲ့သည်ကို တွေ့ရကြောင်း၊ ယင်းအနက် လာပို့ရွာမှ Hero Tiger PDF တပ်ဖွဲ့မှ ဗိုလ်ထိုက်မောင်နှင့် ရဲဘော် ငါးဦးမှာ ယခင် ရန်ငြိုး ရန်စနှင့် အခြေအတင် ဖြစ်ခဲ့ဖူးသည်ကို အကြောင်းပြု၍ သတ်ဖြတ်ခဲ့သည်ကို တွေ့ရကြောင်း ထုတ်ပြန်ခဲ့သည်။

Hero Tiger အဖွဲ့သည် ယခင်က ဗိုလ်သံမဏိခေါင်းဆောင်အဖြစ် ပါဝင်သော ညီညွတ်သော ကျေးရွာများအင်အားစု(UVF) အဖွဲ့ဝင်ဖြစ်ပြီး ဗိုလ်သံမဏိနှင့်သဘောထားကွဲ၍ သီးခြား ရပ်တည်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်း၊ ပုလဲနယ်မှ ဗိုလ်နဂါးသည်လည်း Hero Tiger အဖွဲ့နှင့် ပူးပေါင်းလှုပ်ရှားခဲ့ကြောင်း ယင်းမာပင်ဒေသ၏ တော်လှန်ရေးနောက်ခံကို ယခု ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ယခု သတ်ဖြတ်မှုဖြစ်စဉ်သည် ကပိုင်ရွာ အခြေပြုသော ယင်းမာပင်ဒေသကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၄) တာဝန်ခံ ဆရာစံနှင့် အဖွဲ့မှာ အဓိကတာဝန်ရှိသူများ ဖြစ်ကြောင်း ၊ ကိုအာပီဂျီ (ခ) ကိုအောင်ဇော်သည် အခင်းဖြစ်ချိန်၌ အချုပ်ခန်း၌ ရှိနေသူဖြစ်၍ သတ်ဖြတ်မှုကို ကောင်းစွာသိသူဖြစ်ကြောင်း၊ တိုက်ကောင်း(ခ) ဗိုလ်ဘုန်းထက်အနေဖြင့် ယခုအမှုတွင် ၎င်းပါဝင်ပတ်သက်ခဲ့သမျှ ကိုယ်တိုင် စစ်ဆေးမှုခံယူလာရန် ဗိုလ်သံမဏိနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျူးလွန်သည်ဟု သံသယရှိသူများ ၊ ဖြစ်စဉ်ကိုသိရှိသည့် အဓိက တာဝန်ရှိသူအဖြစ် စစ်ဆေးပေါ်ပေါက်သည့် ကိုအာပီဂျီ(ခ) ကိုအောင်ဇော် ၊ အခင်းဖြစ်ပွားရာ နယ်မြေ၏တာဝန်ခံ ဆရာစံနှင့် အမိန့်ပေးကွပ်ကဲသူများ ၊ ကျူးလွန်သူများအား စစ်ဖက်တရားရုံး ဖွဲ့စည်းကာ ဆက်လက်စစ်မေး ဖော်ထုတ်ရန် လိုအပ်နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယခုကဲ့သို့ ဖြစ်ပွားခဲ့ရခြင်းမှာ ဒေသခံတပ်ဖွဲ့များအကြား နယ်မြေစိုးမိုးမှု၊ လက်နက်ခွဲဝေမှု၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချိတ်ဆက်မှုစသည့် အားပြိုင်မှုများရှိနေပြီး ယခု ဖြစ်စဉ်သည် အဆိုပါ အားပြိုင်မှုများ၏ မလိုလားအပ်သည့် အကျိုးဆက်များ ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

ကာကွယ်ရေးတပ်ဖွဲ့များအကြား အမိန့်ပေးကွပ်ကဲမှု ကောင်းစွာတည်ဆောက်ရန် လိုအပ်နေသည်ကို တွေ့ရသည်ဟုလည်း ထုတ်ပြန်သည်။

ဒေသခံ ပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များအပေါ် နားလည်မှု လွဲမှားနိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်၍ လုံခြုံမှုမရှိဟု ခံစားနေရသောအခြေအနေများရှိနေသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြစ်မှုကျူးလွန်သူများကို PDF ဖြစ်စေ၊ ပကဖ ဖြစ်စေ အသိအမှတ်ပြုမည်မဟုတ်ကြောင်း၊ ပြစ်မှု ကျူးလွန်သူများကိုင်ဆောင်သည့် လက်နက်များကို ခရိုင် ကွပ်ကဲရေးအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဖြုတ်သိမ်းနိုင်ရန် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သည်။

ပြစ်မှုကျူးလွန်ရာတွင်မပါဝင်သည့် ကျေးရွာကာကွယ်ရေးအဖွဲ့များမှ အဖွဲ့ဝင်များကို သင့်လျော်သော တာဝန်များ ပေးအပ်နိုင်ရန် စိစစ်နေကြောင်း၊ မှားယွင်းသ်ဖြတ်ခံရသော Hero Tiger အဖွဲ့ဝင်များကို PDF ရဲဘော်များအဖြစ် တရားဝင် အသိအမှတ်ပြုသွားမည်ဖြစ်ပြီး ကျန်ရစ်သူ မိသားစုဝင်များအား ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။