Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ် လေကြောင်းမှပစ်ခတ် တိုက်ခိုက်၍ ကလေးငယ် ငါးဦးထက်မနည်းသေဆုံးပြီး ၂၀ခန့်ဒဏ်ရာရ

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ ကျေးရွာများမှပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာရသည့် ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများမှပြည်သူများ၊ဓာတ်ပုံ-Cj)
(ထွက်ပြေးတိမ်းရှောင်လာရသည့် ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများမှပြည်သူများ၊ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းဝင်းအတွင်း လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယဥ်ကျေးမှုသင်တန်းတက်နေသည့် ကလေးလေးဦးသေဆုံးပြီး၂၀ ခန့် ထိခိုက်ဒဏ်ရာများရရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၁၆ရက်)က ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း၌ စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်ခဲ့ရာ လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းအတွင်း ယဥ်ကျေးမှုသင်တန်း တက်နေသော အသက်(၅)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါ အဝင်ကလေးငယ် လေးဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း Local fighters Squadအဖွဲ့က သတင်းထုတ်ပြန် သည်။

လေကြောင်း ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရထားသော ကလေးသူငယ်များကို ရေဦးမြို့ တိုင်းရင်းဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း၊ဒဏ်ရာရ ကလေးငယ် ၂၀ဝန်းကျင်ခန့်ရှိကြောင်း Local fighters Squadအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“Mi35Pတိုက်ခိုက်ရေး ရဟတ်ယာဉ်သည်လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းအပေါ်တွင် ရပ်ပြီး လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့လည်း ပြည်သူများ၏ ‌ပြောကြားချက်ရ သိရပါသည်။”ဟု Local fighters Squadအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

(ထွက်ပြေးတိမ်းရှောင်လာရသည့် ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများမှပြည်သူများ၊ဓာတ်ပုံ-Cj)
(ထွက်ပြေးတိမ်းရှောင်လာရသည့် ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများမှပြည်သူများ၊ဓာတ်ပုံ-Cj)

မော့မကြည့်နဲ့ ခေါင်းငုံ့ထား မော့ကြည့်ရင်ပစ်သတ်မယ်ဆိုပြီး ပိတ်မိနေသည့် ကျေးရွာပြည်သူ များကို ခြိမ်းခြောက်ကာ ကျောင်းသား၊ကျောင်းသူကလေးငယ်များ ကျေးရွာအတွင်း ဒဏ်ရာရ ၂၀ခန့်နှင့် ကျောင်းဆရာမတစ်ဦး ကျောင်းဆရာတစ်ဦးကို ရေဦးသို့ ခေါ်သွားကြောင်းသိရပါတယ်။”ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောသည်။

ထို့အပြင် လက်ယက်ကုန်းရွာရှိ လင်မယားနှစ်ဦးကို ဦးခေါင်းတေ့ပစ်သတ်သွားသည်ဟု သတင်းများထွက်ပေါ်နေကြောင်း၊ အင်ပင်ကျေးရွာတွင်လ​ည်း သားအဖ နှစ်ဦး ငါးဆင်းဖမ်းနေစဉ် စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် (၁၁)နှစ်အရွယ် သားငယ်မှာ ဦးခေါင်းထိမှန် သေဆုံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ ကျေးရွာများမှပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။