Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် “UN ငါတို့ရဲ့ဆန္ဒတွေကိုလက်ခံဖို့ တွေဝေမနေစမ်းနဲ့” စာသားအား ဒရုန်းဖြင့် ရိုက်ကူး၍ ဆန္ဒထုတ်ဖော်

ယနေ့လှုပ်ရှားမှုပြုလုပ်သည့်အချိန်ထိ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် အပြစ်မဲ့ပြည်သူ ၃,၀၀၀နီးပါးကို သတ်ဖြတ်ပြီးခဲ့ပြီဖြစ်ပြီး အိမ်ပေါင်း ၂၈,၀၀၀ကျော်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

ဓာတ်ပုံ - YRF

လူသားချင်းစာနာမှုဆိုသည်ကို သက်သေပြစေရန် “ UN , Do Not Hesitate To Accept Our Will“ စာသားပါဘန်နာကို ရန်ကုန်မြို့တစ်နေရာတွင် ဒရုန်းဖြင့်ရိုက်ကူး၍ Yangon Revolution Force – YRF ( Soft Strike Community) မှ ယနေ့ (စက်တင်ဘာ ၁၇) နံနက်ပိုင်း၌ မြန်မာပြည် သူလူထု၏ကိုယ်စား လူထုလှုံ့ဆော်မှုတစ်ခု ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - YRF
ဓာတ်ပုံ – YRF

မကြာမီရက်ပိုင်းအတွင်း ကျင်းပမည့် ကုလသမဂ္ဂတွင် မြန်မာပြည်သူလူထု၏ ကိုယ်စားပြု သံအမတ်အဖြစ် မြန်မာပြည်သူများကို အမှန်တကယ်ကိုယ်စားပြုသော ဦးကျော်မိုးထွန်းကို ရွေးချယ်တင်မြောက်ရန်နှင့် မြန်မာလူထုတစ်ရပ်လုံး၏ ဆန္ဒကို လက်ခံရန်အတွက် ကုလသမဂ္ဂအဖွဲ့အစည်း အနေဖြင့် တွေဝေတွန့်ဆုတ်မနေရန်အတွက် လှုံ့ဆော်တိုက်တွန်းခြင်း ဖြစ်ကြောင်း YRF က ထုတ်ပြန်သည်။

ဓာတ်ပုံ - YRF
ဓာတ်ပုံ – YRF

ယနေ့လှုပ်ရှားမှုပြုလုပ်သည့်အချိန်ထိ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် အပြစ်မဲ့ပြည်သူ ၃,၀၀၀နီးပါးကို သတ်ဖြတ်ပြီးခဲ့ပြီဖြစ်ပြီး အိမ်ပေါင်း ၂၈,၀၀၀ကျော်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူငယ်များက နည်းလမ်းမျိုးစုံဖြင့် ဆန္ဒပြလျက်ရှိပြီး ယခုကဲ့သို လှုပ်ရှားမှုများကိုလည်း လမ်းမများထက်တွင် ဆန္ဒပြလူငယ်များက ၄င်းတို့၏ အသက်ကို စတေးကာ လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်းကိုလည်း YRF က ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

သတင်း

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook