Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနယ်တွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုအပြင် ရွာအတွင်းဝင်ရောက်စီးနင်းပြီး ပြည်သူငါးဦးကို ထပ်မံသတ်ဖြတ်

အသက်(၁၁)နှစ်အရွယ် ကလေးငယ်မှာ ဖခင်နှင့်အတူ ငါးဖမ်းနေစဥ် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် သေဆုံးသူများတွင် လင်မယားနှစ်ဦးလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

(ယဉ်ကျေးမှုသင်တန်းကျောင်းအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသော ကလေးငယ်များနှင့် ပျက်စီးမှုများအား တွေ့ရစဥ်၊ ဓာတ်ပုံ- - ပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ယဉ်ကျေးမှုသင်တန်းကျောင်းအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသော ကလေးငယ်များနှင့် ပျက်စီးမှုများအား တွေ့ရစဥ်၊ ဓာတ်ပုံ- - ပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုအပြင် ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့၍ ဒေသခံပြည်သူငါးဦးပါ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၁၆ ရက်) မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သည် ဒီပဲယင်းအရှေ့ခြမ်းလက်ယက်ကုန်းကျေးရွာ၌ စာသင်နေသောကလေးငယ်များရှိရာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကျောင်းသို့ ရဟတ်ယာဉ်များသုံးကာ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ပြီး ပညာသင်ကြားနေသော ကလေးငယ်လေးဦး သေဆုံးခဲ့သည်။

ထို့နောက် ကျေးရွာအတွင်းသို့ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ရာ အသက်(၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ငါးဦးအား ထပ်မံပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

အသက်(၁၁)နှစ်အရွယ် ကလေးငယ်မှာ ဖခင်နှင့်အတူ ငါးဖမ်းနေစဥ် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် သေဆုံးသူများတွင် လင်မယားနှစ်ဦးလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မနေ့က ကျောင်းသားကလေး လေးယောက်သေတယ်။ စာသင်ကျောင်းကို ဦးတည်ပြီးပစ်တာ။ လက်ယက်ကုန်းစာသင်ကျောင်းကို ပစ်တာ။ ပြီးရင် ကျောင်းသား လေးယောက်ကျတယ်။ ပြီးရင် ဒဏ်ရာရတဲ့ ကလေးတွေကိုတော့ ကားနဲ့ ခေါ်သွားပြီးတော့ ရေဦးမှာ ဆေးကုပေးနေတယ်လို့ ကြားတယ်” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ ကျေးရွာများမှပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစီးနင်းမှုအတွင်း ထိခိုက်ဒဏ်ရာရသွားသော စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမ နှစ်ဦးအပါဝင် ဒဏ်ရာရ ကျောင်းသား ကလေးငယ် ၂၀ ဝန်းကျင်အား ရေဦးမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ထို့အပြင် ကျေးရွာအတွင်းမှ နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးထားခဲ့ပြီး အရပ်သား ပြည်သူ လေးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ ကျေးရွာများမှပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်