Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့၌ တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်သော ကြောင့် ပြည်သူများလုံခြုံစိတ်ချရာနေရာတွင် နေထိုင် ပေးကြရန် PDF သတိပေး

ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ယခုလ ဒုတိယပတ်ကစ၍ ကြိုးပမ်းခဲ့သည်။

(ယခုလ ဒုတိယပတ်အတွင်း မိုးဗြဲမြို့တိုက်ပွဲမှ MBPDF ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - MBPDF)
(ယခုလ ဒုတိယပတ်အတွင်း မိုးဗြဲမြို့တိုက်ပွဲမှ MBPDF ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - MBPDF)

မိုးဗြဲမြို့ရှိ နေရာအများစုတွင် အကြမ်းဖက်စစ် ကောင်စီတပ်ဖြန့်လာပြီး တိုက်ပွဲများအချိန်မရွေး ဖြစ်လာနိုင်ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(စက်တင်ဘာ ၁၉) ထုတ်ပြန် သည်။

ထို့ကြောင့် မိုးဗြဲမြို့နေပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာများတွင် နေထိုင်ပေးကြရန် တိုက်တွန်းထားသည်။

“မွေတော်ဘုရားကျောင်းအနီးအပါအဝင် ၊ မြို့ပေါ် မိန်းလမ်းမကြီးနဲ့ ရဲစခန်း နေရာတွေမှာ စခ တပ်တွေ တပ်ဖြန့်လိုက်ပြီ။လက်နက်ကြီးတွေနဲ့လည်း တစ်ဖက် သတ်ကို အခုချိန်ထိ(နံနက် ၁၀နာရီခွဲ)ခန့်အထိ ပစ်နေတုန်းပဲ။အခြေအနေက တင်းမာနေပြီလို့ ပြောရမယ်” ဟု မိုးဗြဲမြို့ခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ရှင်းပြသည်။

ယခုလ ၁၅ရက်ကစ၍ မိုးဗြဲမြို့သို့ တကျော့ပြန် စစ်ကြောင်းထိုးလာသောစစ်ကောင်စီ၏ လက်နက် ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ မွေတော်ဘုရားကျောင်းတွင် စစ်ဘေးရှောင် ခှိုလှုံသောအပြစ်မဲ့ ပြည်သူ ၁၃ဦး လက်နက်ကြီးထိမှန်ကာ အသက် ၁၀နှစ်အောက် ကဘေးငယ်မောင်နှမနှစ်ဦးနှင့် အသက် ၅၀ကျော် အမျိုးသားနှစ်ဦးသေဆုံးထားသည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ယခုလ ဒုတိယပတ်ကစ၍ ကြိုးပမ်းခဲ့သည်။

ယခုလ ၈ ရက်ကစ၍ အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်သည် မိုးဗြဲမြို့တွင် တပ်စွဲရန် ကြိုးပမ်းလာခြင်းကြောင့် ကရင်နီပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့သည်။

ထို့နောက် နေ့စဥ်တိုက်ပွဲများပြင်းထန်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာကို ကရင်နီပူးပေါင်းတပ်နယ်မြေရှင်းလင်းနိုင်ခဲ့သည်။

အဆိုပါ ၅ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA1 – ၃ လက်၊ MA2 – ၃လက်၊ MA3 – ၆ လက်၊ ငါးကြင်းမှီး – ၁ လက် အပါအဝင်လက်နက် ကြီးကျည်များအပါအဝင် ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်သား ၆၀ဦးထက်မနည်းသေဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး ကရင်နီပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။