Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့၌ တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်သော ကြောင့် ပြည်သူများလုံခြုံစိတ်ချရာနေရာတွင် နေထိုင် ပေးကြရန် PDF သတိပေး

ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ယခုလ ဒုတိယပတ်ကစ၍ ကြိုးပမ်းခဲ့သည်။

(ယခုလ ဒုတိယပတ်အတွင်း မိုးဗြဲမြို့တိုက်ပွဲမှ MBPDF ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - MBPDF)
(ယခုလ ဒုတိယပတ်အတွင်း မိုးဗြဲမြို့တိုက်ပွဲမှ MBPDF ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - MBPDF)

မိုးဗြဲမြို့ရှိ နေရာအများစုတွင် အကြမ်းဖက်စစ် ကောင်စီတပ်ဖြန့်လာပြီး တိုက်ပွဲများအချိန်မရွေး ဖြစ်လာနိုင်ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(စက်တင်ဘာ ၁၉) ထုတ်ပြန် သည်။

ထို့ကြောင့် မိုးဗြဲမြို့နေပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာများတွင် နေထိုင်ပေးကြရန် တိုက်တွန်းထားသည်။

“မွေတော်ဘုရားကျောင်းအနီးအပါအဝင် ၊ မြို့ပေါ် မိန်းလမ်းမကြီးနဲ့ ရဲစခန်း နေရာတွေမှာ စခ တပ်တွေ တပ်ဖြန့်လိုက်ပြီ။လက်နက်ကြီးတွေနဲ့လည်း တစ်ဖက် သတ်ကို အခုချိန်ထိ(နံနက် ၁၀နာရီခွဲ)ခန့်အထိ ပစ်နေတုန်းပဲ။အခြေအနေက တင်းမာနေပြီလို့ ပြောရမယ်” ဟု မိုးဗြဲမြို့ခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ရှင်းပြသည်။

ယခုလ ၁၅ရက်ကစ၍ မိုးဗြဲမြို့သို့ တကျော့ပြန် စစ်ကြောင်းထိုးလာသောစစ်ကောင်စီ၏ လက်နက် ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ မွေတော်ဘုရားကျောင်းတွင် စစ်ဘေးရှောင် ခှိုလှုံသောအပြစ်မဲ့ ပြည်သူ ၁၃ဦး လက်နက်ကြီးထိမှန်ကာ အသက် ၁၀နှစ်အောက် ကဘေးငယ်မောင်နှမနှစ်ဦးနှင့် အသက် ၅၀ကျော် အမျိုးသားနှစ်ဦးသေဆုံးထားသည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ယခုလ ဒုတိယပတ်ကစ၍ ကြိုးပမ်းခဲ့သည်။

ယခုလ ၈ ရက်ကစ၍ အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်သည် မိုးဗြဲမြို့တွင် တပ်စွဲရန် ကြိုးပမ်းလာခြင်းကြောင့် ကရင်နီပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့သည်။

ထို့နောက် နေ့စဥ်တိုက်ပွဲများပြင်းထန်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာကို ကရင်နီပူးပေါင်းတပ်နယ်မြေရှင်းလင်းနိုင်ခဲ့သည်။

အဆိုပါ ၅ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA1 – ၃ လက်၊ MA2 – ၃လက်၊ MA3 – ၆ လက်၊ ငါးကြင်းမှီး – ၁ လက် အပါအဝင်လက်နက် ကြီးကျည်များအပါအဝင် ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်သား ၆၀ဦးထက်မနည်းသေဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး ကရင်နီပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။