Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်တပ်ကျူးလွန်သောရာဇဝတ်မှုများ စုံစမ်းဖော်ထုတ်နေသည့် IIMMကို အမေရိကန်က ဒေါ်လာတစ်သန်း ထပ်မံကူညီ

IIMM သည် ၂၀၁၁ မှစပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုများ၏ သက်သေအထောက်အထားများကို စုံစမ်းစစ်ဆေးရန်၊ စုဆောင်းရန်၊ ထိန်းသိမ်းရန်နှင့် စီစစ်သုံးသပ်ရန် ဆောင်ရွက်နေသည်။

(၂ဝ၂၁ဖေဖော်ဝါရီ ၂၇ ရက်က မုံရွာမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ဓာတ်ပုံ - CJ)
(၂ဝ၂၁ဖေဖော်ဝါရီ ၂၇ ရက်က မုံရွာမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ဓာတ်ပုံ - CJ)

အမေရိကန်အစိုးရသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ကို ဒေါ်လာ တစ်သန်း ထပ်မံပံ့ပိုးကူညီကြောင်း ယမန်နေ့တွင် ကြေညာသည်။

မြန်မာစစ်တပ်၏ နှိပ်စက်ကလူပြုမှုကိုခံခဲ့ကြရသည့် ထိခိုက်နစ်နာသူများနှင့် သက်သေထွက်ဆိုသူများကို အားပေးပံ့ပိုးနိုင်ရန် ယင်းသို့ ထပ်မံထောက်ပံ့ကူညီခြင်းဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။

ထို့အပြင် အခြားသော အစိုးရများကိုလည်း မြန်မာစစ်တပ်၏ ကြမ်းကြုတ်ရက်စက်သည့်ရာဇဝတ်မှုများကြောင့် ထိခိုက်နစ်နာသူများနှင့် မျက်မြင်သက်သေများကို အလားတူ ကာကွယ်စောင့်ရှောက်မှုအကူအညီများ ပေးအပ်ကြရန် အမေရိကန်က တောင်းဆိုသည်။

မြန်မာနိုင်ငံတွင် ရာဇဝတ်မှုများကြောင့် ထိခိုက်နစ်နာသူများနှင့် သက်သေများကို အကာအကွယ်ပေးရန် အထင်အရှားနှင့် အပူတပြင်း လိုအပ်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကြမ်းကြုတ်ရက်စက်မှုများကို တွေ့ကြုံခံစားခဲ့ကြရသူများနှင့် သက်သေများက ထုတ်ဖော်ပြောဆိုသော ယုံကြည်လက်ခံနိုင်သည့် သတင်းအချက်အလက်များသည် စစ်အာဏာရှင်အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး အဆိုပါအာဏာရှင်အဖွဲ့အစည်းသည် အင်အားသုံး အစဖျောက်မှုများနှင့် ဥပဒေမဲ့သတ်ဖြတ်မှုများမှတဆင့် ဆန့်ကျင်ကွဲပြားသည့် ထုတ်ဖော်ပြောဆိုသံများကို မျက်ခြေမပြတ်ပစ်မှတ်ထားနေသည်ဟု ဆိုသည်။

IIMM သည် ၂၀၁၁ မှစပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုများ၏ သက်သေအထောက်အထားများကို စုံစမ်းစစ်ဆေးရန်၊ စုဆောင်းရန်၊ ထိန်းသိမ်းရန်နှင့် စီစစ်သုံးသပ်ရန် ဆောင်ရွက်နေသည်။

အမေရိကန်၏ ယခုပံ့ပိုးကူညီမှုသည် ယန္တရား၏ လုပ်ပိုင်ခွင့်အာဏာအရ အကျုံးဝင်သည့် ရာဇဝတ်မှုများနှင့် စပ်လျဉ်းပြီး အရေးပါသော ယုံကြည်လက်ခံနိုင်သည့် အချက်အလက်များ ရယူနိုင်သည့် အခွင့်အလမ်းပိုမိုကောင်းမွန်စေသကဲ့သို့ ထိခိုက်နစ်နာသူများနှင့် သက်သေများအပေါ် အကာအကွယ်ပေးနိုင်ရန် IIMM ၏ အားထုတ်ကြိုးပမ်းမှုများကိုလည်း ပိုမိုအထောက်အကူပြုလိမ့်မည်ဟု ထုတ်ပြန်သည်။

မြန်မာနိုင်ငံတစ်ဝန်း ထိခိုက်နစ်နာခဲ့သူများအတွက် တရားမျှတမှုရှိစေရေးနှင့် ကြမ်းကြုတ်ရက်စက်မှုများနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အမေရိကန်၏ သန္နိဋ္ဌာန်မှာ ခိုင်ကျည်မြဲမြံလျက်ပင်ရှိကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။