Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်ကျူးလွန်သောရာဇဝတ်မှုများ စုံစမ်းဖော်ထုတ်နေသည့် IIMMကို အမေရိကန်က ဒေါ်လာတစ်သန်း ထပ်မံကူညီ

IIMM သည် ၂၀၁၁ မှစပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုများ၏ သက်သေအထောက်အထားများကို စုံစမ်းစစ်ဆေးရန်၊ စုဆောင်းရန်၊ ထိန်းသိမ်းရန်နှင့် စီစစ်သုံးသပ်ရန် ဆောင်ရွက်နေသည်။

(၂ဝ၂၁ဖေဖော်ဝါရီ ၂၇ ရက်က မုံရွာမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ဓာတ်ပုံ - CJ)
(၂ဝ၂၁ဖေဖော်ဝါရီ ၂၇ ရက်က မုံရွာမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ဓာတ်ပုံ - CJ)

အမေရိကန်အစိုးရသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ကို ဒေါ်လာ တစ်သန်း ထပ်မံပံ့ပိုးကူညီကြောင်း ယမန်နေ့တွင် ကြေညာသည်။

မြန်မာစစ်တပ်၏ နှိပ်စက်ကလူပြုမှုကိုခံခဲ့ကြရသည့် ထိခိုက်နစ်နာသူများနှင့် သက်သေထွက်ဆိုသူများကို အားပေးပံ့ပိုးနိုင်ရန် ယင်းသို့ ထပ်မံထောက်ပံ့ကူညီခြင်းဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။

ထို့အပြင် အခြားသော အစိုးရများကိုလည်း မြန်မာစစ်တပ်၏ ကြမ်းကြုတ်ရက်စက်သည့်ရာဇဝတ်မှုများကြောင့် ထိခိုက်နစ်နာသူများနှင့် မျက်မြင်သက်သေများကို အလားတူ ကာကွယ်စောင့်ရှောက်မှုအကူအညီများ ပေးအပ်ကြရန် အမေရိကန်က တောင်းဆိုသည်။

မြန်မာနိုင်ငံတွင် ရာဇဝတ်မှုများကြောင့် ထိခိုက်နစ်နာသူများနှင့် သက်သေများကို အကာအကွယ်ပေးရန် အထင်အရှားနှင့် အပူတပြင်း လိုအပ်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကြမ်းကြုတ်ရက်စက်မှုများကို တွေ့ကြုံခံစားခဲ့ကြရသူများနှင့် သက်သေများက ထုတ်ဖော်ပြောဆိုသော ယုံကြည်လက်ခံနိုင်သည့် သတင်းအချက်အလက်များသည် စစ်အာဏာရှင်အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး အဆိုပါအာဏာရှင်အဖွဲ့အစည်းသည် အင်အားသုံး အစဖျောက်မှုများနှင့် ဥပဒေမဲ့သတ်ဖြတ်မှုများမှတဆင့် ဆန့်ကျင်ကွဲပြားသည့် ထုတ်ဖော်ပြောဆိုသံများကို မျက်ခြေမပြတ်ပစ်မှတ်ထားနေသည်ဟု ဆိုသည်။

IIMM သည် ၂၀၁၁ မှစပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုများ၏ သက်သေအထောက်အထားများကို စုံစမ်းစစ်ဆေးရန်၊ စုဆောင်းရန်၊ ထိန်းသိမ်းရန်နှင့် စီစစ်သုံးသပ်ရန် ဆောင်ရွက်နေသည်။

အမေရိကန်၏ ယခုပံ့ပိုးကူညီမှုသည် ယန္တရား၏ လုပ်ပိုင်ခွင့်အာဏာအရ အကျုံးဝင်သည့် ရာဇဝတ်မှုများနှင့် စပ်လျဉ်းပြီး အရေးပါသော ယုံကြည်လက်ခံနိုင်သည့် အချက်အလက်များ ရယူနိုင်သည့် အခွင့်အလမ်းပိုမိုကောင်းမွန်စေသကဲ့သို့ ထိခိုက်နစ်နာသူများနှင့် သက်သေများအပေါ် အကာအကွယ်ပေးနိုင်ရန် IIMM ၏ အားထုတ်ကြိုးပမ်းမှုများကိုလည်း ပိုမိုအထောက်အကူပြုလိမ့်မည်ဟု ထုတ်ပြန်သည်။

မြန်မာနိုင်ငံတစ်ဝန်း ထိခိုက်နစ်နာခဲ့သူများအတွက် တရားမျှတမှုရှိစေရေးနှင့် ကြမ်းကြုတ်ရက်စက်မှုများနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အမေရိကန်၏ သန္နိဋ္ဌာန်မှာ ခိုင်ကျည်မြဲမြံလျက်ပင်ရှိကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။