Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၇၄)တပ်ရင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

စက်တင်ဘာ ၂၁ရက် ညနေ ၆နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုကို မသိရသေးဟု ဖော်ပြထားသည်။

(ခလရ (၂၇၄) တပ်ရင်းအတွင်း စစ်ကောင်စီယာဥ်များ ရပ်ထားသည်ကို ဝေဟင်မှ မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - HKL Mindat)
(ခလရ (၂၇၄) တပ်ရင်းအတွင်း စစ်ကောင်စီယာဥ်များ ရပ်ထားသည်ကို ဝေဟင်မှ မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - HKL Mindat)

ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၇၄) တပ်ရင်းအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မင်းတပ် ချင်းကာ ကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၁ရက် ညနေ ၆နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုကို မသိရသေးဟု ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် မင်းတပ် စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာထောက် ထားမှုအဖြစ်ရရှိထားသော ဆန်အိတ်မြောက်များစွာကို မတရားထိန်းသိမ်းထားပြီး ဝါဒဖြန့်ချိရေးအဖြစ် စျေးရောင်းပွဲတော် ဟန်ပြ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက တိုက်ခိုက်မှုဆက်လုပ်သွားမည်ဖြစ်ကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

အဆိုပါ စျေးရောင်းပွဲတော်ကျင်းပခြင်းကိုလက်မခံ၍ မင်းတပ် CDF အနေဖြင့် ယနေ့ နံနက်ပိုင်းကလည်း မင်းတပ်မြို့အဝင်ရှိ စစ်ကောင်စီဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ မြို့ဝင်ဂိတ်ကို ပြောက်ကျားတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်များနိုင်သည်ဟု မင်းတပ် CDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။