Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်မြို့ဝင် စစ်ကောင်စီဂိတ်ကို CDF တိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်မှုများ

စျေးရောင်းပွဲတော်ကို ပါဝင်ကူညီသူများအနေဖြင့် နောက်ဆုံးအကြိမ်ဖြစ်စေရန်နှင့် နောက်နောင်မပါဝင်ရန်လည်း မင်းတပ် CDFက သတိပေးလိုက်သည်။

(CDF မင်းတပ် ရဲဘော်များကို တွေ့ရစဉ်၊ မင်းတပ်နယ် ချပ်ကျေးရွာသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်၊ ဓာတ်ပုံ- ဆလိုင်း ဇလပ်သွေး၊ CDF မင်းတပ်)
(CDF မင်းတပ် ရဲဘော်များကို တွေ့ရစဉ်၊ မင်းတပ်နယ် ချပ်ကျေးရွာသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်၊ ဓာတ်ပုံ- ဆလိုင်း ဇလပ်သွေး၊ CDF မင်းတပ်)

▪️စစ်ကောင်စီက ဝါဒဖြန့်ချိရေးအဖြစ် ကျင်းပသည့် စျေးရောင်းပွဲတော်ကို ဆန့်ကျင်ကြောင်း ပြသခြင်းဟု အသိပေး

မင်းတပ်မြို့အဝင်ရှိ စစ်ကောင်စီတပ်ဂိတ်ကို မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့နံနက် အစောပိုင်း၌ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်မှ သေဆုံးထိခိုက်များပြားနိုင့်သည်ဟု မင်းတပ် CDF က အသိပေးသည်။

“ဒီနေ့မနက် ၅နာရီခွဲမှာ ကျွန်တော်တို့ CDF မင်းတပ်က ဝံပုလွေ စစ်ကြောင်းအနေနဲ့ တိုက်ခိုက်မှုတွေရှိတယ်။ တိုက်ပွဲကတော့ အရမ်းအချိန်မကြာပေမယ့် ပြောက်ကျားဆိုတော့ ပြင်းထန်တယ်။ ဗျူဟာမှူးက တစ်ဆင့် သတင်းပေးလာတာကတော့ စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးများနိုင်တယ်”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

ယခုတိုက်ခိုက်မှုသည် စစ်ကောင်စီတပ်မှ ဝါဒဖြန့်ချိရေးအနေဖြင့် ယနေ့ (စက်တင်ဘာ ၂၁ရက်) တွင် ကျင်းပသည့် စျေးရောင်းပွဲတော်ကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

(CDF မင်းတပ် ရဲဘော်များကို တွေ့ရစဉ်၊ မင်းတပ်နယ် ချပ်ကျေးရွာသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်၊ ဓာတ်ပုံ- ဆလိုင်း ဇလပ်သွေး၊ CDF မင်းတပ်)
(CDF မင်းတပ် ရဲဘော်များကို တွေ့ရစဉ်၊ မင်းတပ်နယ် ချပ်ကျေးရွာသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်၊ ဓာတ်ပုံ- ဆလိုင်း ဇလပ်သွေး၊ CDF မင်းတပ်)

” ဘာဖြစ်လို့ ကျွန်တော်တို့ လုပ်တာလဲဆိုရင် စျေးရောင်းပွဲတော်ကို ဆန့်ကျင်တယ်ဆိုတဲ့ အကြောင်းကို ပြတာ။ ပြည်သူတွေကို သူတို့ကစေတနာရှိယောင်ဆောင်ပြီးမှ ၂၀ရာခိုင်နှုန်း ဒစ်စကောင့် ပေးတာထက်စာရင် ပြည်သူတွေနေတဲ့ ရွာကို လက်နက်ကြီးတွေ ဗုံးတွေ နဲ့ ကြဲတာက ၊ ဒါလူသတ်မှုလေ။ ဒီလိုမျိုးတွေကြောင့် ပြည်သူတွေအနေနဲ့ ပူးပေါင်းမပါဝင်ဖို့ ပြည်သူတွေကိုလည်း သတိပေးတယ် သူတို့(စစ်ကောင်စီ)ကိုလည်း တိုက်ခိုက်မှုရှိတယ်ပေါ့”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

စျေးရောင်းပွဲတော်ကို ပါဝင်ကူညီသူများအနေဖြင့် နောက်ဆုံးအကြိမ်ဖြစ်စေရန်နှင့် နောက်နောင်မပါဝင်ရန်လည်း မင်းတပ် CDFက သတိပေးလိုက်သည်။

မင်းတပ်မြို့ပေါ်ရှိ အများပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး စျေးရောင်းပွဲတော်သို့ ပူးပေါင်းဆောင်ရွက်မှု့ မပြုလုပ် ကြရန်နှင့် မိမိတို့ နေအိမ်များတွင်သာ လုံလုံခြုံခြုံ နေထိုင်ကြရန် CDFက တိုက်တွန်းနှိုးဆော်ထုတ်ပြန်သည်။

ထို့အပြင် မင်းတပ်မြို့နယ် ဆာဒူးရွာနှင့် ဖိုးခရိုးကျေးရွာအကြားသို့ စစ်ကောင်စီတပ်က ယမန်နေ့ မွန်းလွဲပိုင်း၌ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ် (CDF)က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်သည်ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောကြားသည်။

” မနေ့က သုံးနာရီခွဲဝန်းကျင်မှာ မင်းတပ်မြို့ရဲ့ တောင်ဘက်ခြမ်းက ရွာတွေကို ပေါ့။ အခုအချိန်ထိတော့ ပြည်သူတွေ ထိခိုက်တဲ့ အခြေအနေတေ့ ကောင်းကောင်းတော့ မသိရသေးဘူး။ လေယာဉ်နဲ့ ဗုံးကြဲတာ ၂ကြိမ်တိတိရှိတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

လေကြောင်းတိုက်ခိုက်မှု အကြောင်းအရင်းကို မသိရသေးသော်လည်း ယခုတိုက်ခိုက်မှုမပြုလုပ် မီ မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် မှုများ ရှိခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လကတည်း မင်းတပ်မြို့နယ် ချပ်ရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDF ရဲဘော်များနှင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။