Connect with us

Hi, what are you looking for?

သတင်း

မရမ်းကုန်းစစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦးကို မြို့ပြ​ပြောက်ကျားတပ်ဖွဲ့က သုတ်သင်ရှင်းလင်း

တရားခံ ဇေသူသည် မပြန်လမ်းသို့ တစ်ခါတည်းအပြီးရောက်သွားကြောင်းလည်း မြေပြင်သတင်းများနှင့် အ တည်ပြုပြီး ဖြစ်ပါသည်ဟု MIU က ဖော်ပြသည်။

(စစ်​ကောင်စီခန့် ရာအိမ်မှူး ​ဇေသူ။ ။ဓါတ်ပုံ-​CJ)
(စစ်​ကောင်စီခန့် ရာအိမ်မှူး ​ဇေသူ။ ။ဓါတ်ပုံ-​CJ)

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦးကို ပြည်သူ့တရားစီရင်ရေးအဖြစ် သုတ်သင်ရှင်းလင်းလိုက်ကြောင်း Myanmar Independence Unit(MIU)က ယနေ့(စက်တင် ဘာ ၂၂)ထုတ်ပြန်သည်။

မရမ်းကုန်း (၃)ရပ်ကွက် ကံသာဇေယျုံအပိုင်းမှ စစ်ကောင်စီခန့်ရာအိမ်မှူး ဇေသူဆိုသူအား MIU၊ MFF နှင့် BSS ပြောက်ကျားတပ်ဖွဲ့များပူးပေါင်းပြီး ယနေ့နေ့ လယ် ၁၁ နာရီ ၅၄ မိနစ်ခန့်တွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

၎င်းစစ်ကောင်စီခန့်ရာအိမ်မှူး ဇေသူသည် စစ်ကောင်စီတပ်၏ သတင်းပေးဒလန်လုပ်ခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း စသည်တို့ကို ပြုလုပ်နေသူဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

တရားခံ ဇေသူသည် မပြန်လမ်းသို့ တစ်ခါတည်းအပြီးရောက်သွားကြောင်းလည်း မြေပြင်သတင်းများနှင့် အ တည်ပြုပြီး ဖြစ်ပါသည်ဟု MIU က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဇွဲသူက စစ်တပ်အမာခံသတင်းပေးတစ်ယောက်။ ရပ်ကွက်မှာ ရာအိမ်မှုးဆိုပြီးမြောက်ကြွကြွနဲ့ကောင်။ ရပ်ကွက်ထဲဧည့်စစ်တွေ နဲ့ တော်လှန်ရေးသမားတွေကို ဖမ်းဆီးရာမှာလည်း သတင်းပေးပြီး ကိုယ်တိုင်လိုက်လံဖမ်းဆီးပေးတဲ့သူ”ဟု ပြည်သူတစ်ဦးက ပြောသည်။

ဇွဲသူ သည် စစ်​ကောင်စီတပ်နှင့်ပူး​ပေါင်း၍ မူးယစ်​ဆေးဝါးများကို ဖြန့်ဖြူး​ရောင်းချသလို ကိုယ်တိုင်လည်းသုံးစွဲ​ကြောင်းလည်း ​​ဒေသခံတစ်ဦးက​ပြောသည်။

အထက်ပါတိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးရဲဘော် ပြောက်ကျားတပ်ဖွဲ့ဝင်များ ဘေးကင်းလုံခြုံရာသို့ ပြန် လည်ရောက်ရှိပြီဖြစ်ကြောင်း အသိပေးသည်။

ရန်ကုန်မြို့ရှိ အခြားသော အကြမ်းဖက်စစ်တပ်အားပေး၊ အလိုတူအလိုပါများအနေဖြင့်လည်း အမျိုးမျိုးသတိပေးနေသည့်ကြားမှ ဆက်လက်ရမ်းကားနေမည်ဆိုပါက ပြည်သူ့ဘက်တော်သားများက တုန့်ဆိုင်းမှုမရှိဘဲ အမြန်ဆုံး ရှင်းလင်းသုတ်သင်မှုများ လုပ်ဆောင်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook