Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့နယ်တွင် မကြာမီကာလအတွင်း စစ်ရေးအရှိန်မြှင့်လာနိုင်၍ ပြည်သူများကြိုတင်ပြင်ဆင်ထားကြရန် သတိပေး

စစ်ကိုင်းနှင့်မကွေးတိုင်းတွင် အထိနာပြီး ဖရိုဖရဲဖြစ်နေသည့် စစ်ကောင်စီတပ်သည် အရပ်သားနေအိမ်များ၊ ကျေးရွာများကို ယခင်ကထက် အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ကောလင်းမြို့နယ်တွင် မကြာမီကာလအတွင်း စစ်ရေးအရှိန်မြှင့်လာနိုင်၍ ပြည်သူများကြိုတင်ပြင်ဆင်ထားကြရန် သတိပေး
ကောလင်းမြို့နယ်တွင် မကြာမီကာလအတွင်း စစ်ရေးအရှိန်မြှင့်လာနိုင်၍ ပြည်သူများကြိုတင်ပြင်ဆင်ထားကြရန် သတိပေး

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် မကြာမီကာလများအတွင်း စစ်ရေးအရှိန်မြှင့်လာနိုင်၍ စားနပ်ရိက္ခာနှင့် ဆေးဝါးများစုဆောင်းထားရန်၊ လေကြောင်းရန် နှင့် ကာကွယ်ရေး ဗုံးခိုကျင်းများတူးထားကြရန် ကောလင်းမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိ ပေးချက် ထုတ်ပြန်သည်။

အထက်ပါ သတိပေးချက်ကို ကောလင်းမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးက ယနေ့ (စက်တင်ဘာလ ၂၅ရက်)ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းများက ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးပြီးမီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လာလျှင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ကျေးရွာ တာဝန်ခံများက စီစဉ်ပေးသော စစ်ရှောင်စခန်းများတွင် နေထိုင်ကြရန်နှင့် လယ်တော၊ တောင်ရိုးများရှိတဲတိုက်များတွင် မနေထိုင်ကြရန် သတိပေး ထားသည်။

Public Service Announcement
Public Service Announcement

ပြန်လည်ဝင်ရောက်လိုပါကလည်း စစ်ရေးတာဝန်ရှိသော PDFနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖများက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီးချိန် ခွင့်ပြုချက်ရရှိမှသာ ဝင်ရောက်ကြပါရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

မကြာမီကာလများတွင် စစ်ရေးအရှိန်မြှင့်လာနိုင် သောကြောင့် စားနပ်ရိက္ခာစုဆောင်းခြင်း၊ ဆေးဝါးများစုဆောင်းခြင်း၊လေကြောင်းရန်ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများတူးခြင်းနှင့် ကတုတ်ကျင်းများတူးထားကြပါရန်လည်း တိုက်တွန်းထားသည်။

ပြည်သူများ မလိုလားအပ်ဘဲ ထိခိုက်၊ပျက်စီး၊ဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်အတွက် မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း ကောလင်းမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရှင်းပြထားသည်။ထို့အပြင် အဝေးရောက်ကောလင်းသား ကောလင်းသားများ၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များအနေဖြင့်စစ်ဘေးသင့်ပြည်သူများကို ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

စစ်ကိုင်းနှင့်မကွေးတိုင်းတွင် အထိနာပြီး ဖရိုဖရဲဖြစ်နေသည့် စစ်ကောင်စီတပ်သည် အရပ်သားနေအိမ်များ၊ ကျေးရွာများကို ယခင်ကထက် အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ကောလင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာကူညီထောက်ပံ့တာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၆) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။