Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာတောင်ညွှန့်​မြို့နယ် ကန်တော်လေး(တောင်) ရပ်ကွက် အုပ်ကြီးရုံးကိုအဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ယမန်နေ့ည ၈ နာရီဝန်းကျင်တွင် UMCD အင်အားစု Burma Royal Guerrilla Force တပ်ဖွဲ့ နှင့် မဟာမိတ် MFF ( Marauder Front Five)တို့ပူးပေါင်း၍ အဝေးထိန်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

(ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်လေး အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်လေး အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေး(တောင်) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့ (စက်တင်ဘာ ၂၅) ညပိုင်းတွင် မြို့ပြပျောက်ကြားတပ်ဖွဲ့များက အဝေးထိန်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း UMCDက ထုတ်ပြန်သည်။

ယမန်နေ့ည ၈ နာရီဝန်းကျင်တွင် UMCD အင်အားစု Burma Royal Guerrilla Force တပ်ဖွဲ့ နှင့် မဟာမိတ် MFF ( Marauder Front Five)တို့ပူးပေါင်း၍ အဝေးထိန်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

“ညက ၉၁ လမ်းဘက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ ဗုံးပေါက်တာပါ။ အရပ်ဝတ်တွေရော၊ ရဲတွေရော၊ စစ်သားတွေရော အများကြီး ရောက်လာတယ်။ ထိခိုက်မှု ရှိ မရှိတော့ မသိရဘူး။ ဆေးရုံကားတစ်စီး ဖြတ်သွားတာတော့ တွေ့လိုက်တယ် “ဟု မင်္ဂလာတောင်ညွန့်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် (၉၁)လမ်းအား စစ်ကောင်စီဝင်များက ရဲကားတစ်စီး၊ DC ကား နှစ်စီးတို့ဖြင့် ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါမစ်ရှင်ပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကိုလည်း UMCD က သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ယင်းပေါက်ကွဲမှုနေရာသို့ စစ်ကောင်စီ ဝင်များနှင့်အတူ ရောက်ရှိလာသည့် အရပ်ဝတ်ဒလန်များကိုလည်း ဆက်လက်သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း UMCD က အသိပေးလိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မတ်လ ၈ရက် ည ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

တိုက်ခိုက်မှုဖြစ်သည့်အချိန်တွင် အင်းစိန်မြိုနယ်အတွင်း၌ ပေါက်ကွဲသံ အကျယ်ကြီးကြားရကြောင်း ဒေသခံတစ်ဦးက Hlaing Info သို့ ပြောကြားထားသည်။