Connect with us

Hi, what are you looking for?

သတင်း

မြဝတီဝေါလေကားလမ်းအနီးတိုက်ပွဲ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုများရှိဟု ဆို

စစ်ကောင်စီတပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ (၄၄၃)ကွပ်ကဲမှု၏ ခမရ(၁၀၄) အား KNLA တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂)၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့၊ Federal Wings ဒရုန်းအဖွဲ့ တို့ ယနေ့ စက်တင်ဘာ ၂၆ နေ့လည်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြဝတီဝေါလေကားလမ်းအနီးတိုက်ပွဲ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုများရှိဟု ဆို
မြဝတီဝေါလေကားလမ်းအနီးတိုက်ပွဲ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုများရှိဟု ဆို

မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ တောင်နီကျေးရွာအနီး တောင်ကုန်းတစ်ခုပေါ်တွင် ကျူးကျော်အခြေပြုရန်ကြိုးစားလာသည့် စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ယနေ့နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများရှိသည်ဟု ကော်ဘရာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ (၄၄၃)ကွပ်ကဲမှု၏ ခမရ(၁၀၄) အား KNLA တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂)၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့၊ Federal Wings ဒရုန်းအဖွဲ့ တို့ ယနေ့ စက်တင်ဘာ ၂၆ နေ့လည်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပူးပေါင်းတပ်ဖွဲ့များ၏ ဗုံးကြဲဒရုန်းများ၊ လက်နက်ကြီးများ၊ လက်ဖြောင့်စစ်သည်များ၏ စွမ်းရည်ဖြင့် စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများ ရှိသော်လည်း အရေအတွက်အတိအကျအား စီစစ်ဆဲဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပါကြောင်း ကော်ဘရာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားချက်အရ သိရပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook