Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီဝေါလေကားလမ်းအနီးတိုက်ပွဲ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုများရှိဟု ဆို

စစ်ကောင်စီတပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ (၄၄၃)ကွပ်ကဲမှု၏ ခမရ(၁၀၄) အား KNLA တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂)၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့၊ Federal Wings ဒရုန်းအဖွဲ့ တို့ ယနေ့ စက်တင်ဘာ ၂၆ နေ့လည်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြဝတီဝေါလေကားလမ်းအနီးတိုက်ပွဲ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုများရှိဟု ဆို
မြဝတီဝေါလေကားလမ်းအနီးတိုက်ပွဲ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုများရှိဟု ဆို

မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ တောင်နီကျေးရွာအနီး တောင်ကုန်းတစ်ခုပေါ်တွင် ကျူးကျော်အခြေပြုရန်ကြိုးစားလာသည့် စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ယနေ့နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများရှိသည်ဟု ကော်ဘရာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ (၄၄၃)ကွပ်ကဲမှု၏ ခမရ(၁၀၄) အား KNLA တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂)၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့၊ Federal Wings ဒရုန်းအဖွဲ့ တို့ ယနေ့ စက်တင်ဘာ ၂၆ နေ့လည်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပူးပေါင်းတပ်ဖွဲ့များ၏ ဗုံးကြဲဒရုန်းများ၊ လက်နက်ကြီးများ၊ လက်ဖြောင့်စစ်သည်များ၏ စွမ်းရည်ဖြင့် စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများ ရှိသော်လည်း အရေအတွက်အတိအကျအား စီစစ်ဆဲဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပါကြောင်း ကော်ဘရာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားချက်အရ သိရပါသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။