Connect with us

Hi, what are you looking for?

သတင်း

ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး၏ ဈာပန စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည့်အပေါ် ဂျပန်ရောက်မြန်မာများ ကန့်ကွက်ဆန္ဒပြ

ဂျပန်ရောက်မြန်မာနိုင်ငံသားများက ယနေ့ ညနေပိုင်းတွင် ကိုဘေးမြို့ Sannomiya ဘူတာတွင် စုဝေး၍ မြန်မာစစ်အစိုးရ၏ ကိုယ်စားလှယ်အား ဂျပန်နိုင်ငံက ဖိတ်ကြားမှုကို ဆန့်ကျင်ကြောင်း ဂျပန်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားသည့် စာတန်းကို ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဓာတ်ပုံ - Correspondent in Osaka
ဓာတ်ပုံ - Correspondent in Osaka

ဂျပန်နိုင်ငံ ဝန်းကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်စျာပနအခမ်းအနားကို စစ်ကောင်စီအား ဖိတ်ကြားခဲ့မှုအပေါ် ဂျပန်ရောက်မြန်မာနိုင်ငံသားများက ဆန့်ကျင်ကြောင်း ယနေ့ (စက်တင်ဘာ ၂၇) ညနေပိုင်း၌ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ဂျပန်ရောက်မြန်မာနိုင်ငံသားများက ယနေ့ ညနေပိုင်းတွင် ကိုဘေးမြို့ Sannomiya ဘူတာတွင် စုဝေး၍ မြန်မာစစ်အစိုးရ၏ ကိုယ်စားလှယ်အား ဂျပန်နိုင်ငံက ဖိတ်ကြားမှုကို ဆန့်ကျင်ကြောင်း ဂျပန်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားသည့် စာတန်းကို ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် အထက်လွှတ်တော်ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ၎င်း၏ပါတီမှ ကိုယ်စားလှယ်အတွက် ကူညီ၍ မဲဆွယ်စည်းရုံးပေးနေစဉ် ပြီးခဲ့သည့် ဇူလိုင် ၈ရက်တွင် ဂျပန်နိုင်ငံ၊ နာရမြို့၌ သေနတ်သမားတစ်ဦး၏ လက်ချက်ဖြင့် လုပ်ကြံခံခဲ့ရပြီး သေဆုံးခဲ့သည်။

ဓာတ်ပုံ - Correspondent in Osaka
ဓာတ်ပုံ – Correspondent in Osaka

ထိုသို့ အကြမ်းဖက်လုပ်ကြံခံရပြီး ကျဆုံးခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာ​ဘေး၏ ဈာပနတွင် မြန်မာပြည်အတွင်း အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်းစစ်ကောင်စီ ၏ ကိုယ်စားလှယ် တက်ရောက်မည့်အပေါ် ဂျပန်ရောက် မြန်မာအသိုင်းအဝိုင်းက ဆန့်ကျင်ကန့်ကွက်နေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်