Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လှတောရဲစခန်း၌ တပ်စွဲထား​သော စစ်ကောင်စီတပ်ကို PDFများ သုံးရက်အတွင်းနှစ်ကြိမ် တိုက်ခိုက်

“ပြန်မပစ်ဘူးဗျ ။စခန်းထဲမှာ​​တော့ဆူညံ​နေတာပဲ ။ ရန်သူ​သေတာကို​တော့ တပ်တွင်းသတင်း​ပေးကတစ်ဆင့်သိရတာပါ” ဟု အထက်ပါ ပြန်ကြား​ရေးတာဝန်ခံက​ပြောသည်။

(လှ​တောရွာဆိုင်းဘုတ် ။ ။ဓါတ်ပုံ-CJ)
(လှ​တောရွာဆိုင်းဘုတ် ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို​-မန္တလေးလမ်းမကြီးပေါ်ရှိ လှတောရဲစခန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်အဖွဲ့များက ၃ ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ည ၁၀ နာရီမှ ၁၁ နာရီအတွင်း ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား မဟာမိတ်ပူးပေါင်းအဖွဲ့များက ၆၀ မမ လက်နက်ကြီးများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မဟာမိတ်တပ်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးကာ ၇ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း Chindwin Attack Force၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“ပြန်မပစ်ဘူးဗျ ။စခန်းထဲမှာ​​တော့ဆူညံ​နေတာပဲ ။ ရန်သူ​သေတာကို​တော့ တပ်တွင်းသတင်း​ပေးကတစ်ဆင့်သိရတာပါ” ဟု အထက်ပါ ပြန်ကြား​ရေးတာဝန်ခံက​ပြောသည်။

စစ်​ကောင်စီတပ်မှ ​သေဆုံးဒဏ်ရာ ရမှု အခြအ​နေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၃၊ တပ်ခွဲ ၃၊ ဂဠုန်နက် PDF၊ ကျားသစ်နက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းဧကရာဇ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နောင်ရိုးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း ဂဠုန်နက် PDFနှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး ညနေ ၆ နာရီမှ ၇ နာရီအတွင်း ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ၆၀ မမ ၃ လတ်ဖြင့် ၁၂ ချက်ကျော် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Forceက ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လှတောကျေးရွာအပြင် ရွှေဘို-မန္တလေးလမ်းပေါ်ရှိ ရွာသစ်ကြီးကျေးရွာကိုလည်း စစ်ကောင်စီတပ်က တပ်စွဲကာ အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ ပြုလုပ်နေ၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။