Connect with us

Hi, what are you looking for?

သတင်း

လှတောရဲစခန်း၌ တပ်စွဲထား​သော စစ်ကောင်စီတပ်ကို PDFများ သုံးရက်အတွင်းနှစ်ကြိမ် တိုက်ခိုက်

“ပြန်မပစ်ဘူးဗျ ။စခန်းထဲမှာ​​တော့ဆူညံ​နေတာပဲ ။ ရန်သူ​သေတာကို​တော့ တပ်တွင်းသတင်း​ပေးကတစ်ဆင့်သိရတာပါ” ဟု အထက်ပါ ပြန်ကြား​ရေးတာဝန်ခံက​ပြောသည်။

(လှ​တောရွာဆိုင်းဘုတ် ။ ။ဓါတ်ပုံ-CJ)
(လှ​တောရွာဆိုင်းဘုတ် ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို​-မန္တလေးလမ်းမကြီးပေါ်ရှိ လှတောရဲစခန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်အဖွဲ့များက ၃ ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ည ၁၀ နာရီမှ ၁၁ နာရီအတွင်း ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား မဟာမိတ်ပူးပေါင်းအဖွဲ့များက ၆၀ မမ လက်နက်ကြီးများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မဟာမိတ်တပ်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးကာ ၇ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း Chindwin Attack Force၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“ပြန်မပစ်ဘူးဗျ ။စခန်းထဲမှာ​​တော့ဆူညံ​နေတာပဲ ။ ရန်သူ​သေတာကို​တော့ တပ်တွင်းသတင်း​ပေးကတစ်ဆင့်သိရတာပါ” ဟု အထက်ပါ ပြန်ကြား​ရေးတာဝန်ခံက​ပြောသည်။

စစ်​ကောင်စီတပ်မှ ​သေဆုံးဒဏ်ရာ ရမှု အခြအ​နေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၃၊ တပ်ခွဲ ၃၊ ဂဠုန်နက် PDF၊ ကျားသစ်နက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းဧကရာဇ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နောင်ရိုးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း ဂဠုန်နက် PDFနှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး ညနေ ၆ နာရီမှ ၇ နာရီအတွင်း ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ၆၀ မမ ၃ လတ်ဖြင့် ၁၂ ချက်ကျော် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Forceက ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လှတောကျေးရွာအပြင် ရွှေဘို-မန္တလေးလမ်းပေါ်ရှိ ရွာသစ်ကြီးကျေးရွာကိုလည်း စစ်ကောင်စီတပ်က တပ်စွဲကာ အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ ပြုလုပ်နေ၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။