Connect with us

Hi, what are you looking for?

သတင်း

လှိုင်သာယာရဲတပ်ရင်း (၉)​ရှေ့ရှိစစ်​ဆေး​ရေးဂိတ်အနီးဗုံးနှစ်ကြိမ်​​ပေါက်ကွဲ

” ပေါက်ချင်သလောက်ပေါက်တော့။ အလုပ်တွေလည်း လုပ်စားလို့မကောင်းမယ့်အတူတူ ​​​ေ-ွးတွေ သေမှ ပွဲပြီးမှာမို့ ချသာချ အားပေးတယ်”ဟု တက္ကစီယာဥ်မောင်းတစ်ဦးကပြောသည်။

(ရဲတပ်ရင်း ၉ ခြံစည်းရိုးရှိ စစ်ကောင်စီဘန်ကာအားတွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)
(ရဲတပ်ရင်း ၉ ခြံစည်းရိုးရှိ စစ်ကောင်စီဘန်ကာအားတွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)

လှိုင်သာယာမြို့နယ်ရှိ ရဲတပ်ရင်း(၉)ရှေ့လမ်းမပေါ်တွင် ယနေ့(စက်တင်ဘာ ၂၉ရက်)နံနက် ရှစ်နာရီခန့်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။

“ဗုံးပေါက်တာ။ ပေါက်တဲ့နားမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိတယ်။ ဘာတွေ ထိခိုက်သွားလဲတော့ မသိရသေးဘူး” ဟု ပေါက်ကွဲသည့်နေရာအနီးကို ကားဖြင့်ဖြတ်လာခဲ့​သောပြည်သူတစ်ဦးကပြောသည်။

ကျယ်လောင်သည့် ပေါက်ကွဲသံနှစ်ကြိမ်သည် ရဲတပ်ရင်း(၉)ဘက်မှ ယနေ့ နံနက် ရှစ်နာရီခန့်တွင် ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီးမိနစ်၂၀ခန့်အကြာတွင် မူလအသံထက်တိုးသော ပေါက်ကွဲသံတစ်ချက်ထပ်မံကြားရ​ကြောင်းပြည်သူအချို့က​ပြောသည်။

” ပေါက်ချင်သလောက်ပေါက်တော့။ အလုပ်တွေလည်း လုပ်စားလို့မကောင်းမယ့်အတူတူ ​​​ေ-ွးတွေ သေမှ ပွဲပြီးမှာမို့ ချသာချ အားပေးတယ်”ဟု တက္ကစီယာဥ်မောင်းတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့ ​နေရာအချို့တွင်ယမန်​နေ့(စက်တင်ဘာ ၂၈)ညကလည်း စစ်​ကောင်စီတပ်ရှိရာ​နေရာများအနီးဗုံးများ​ပေါက်ကွဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကြောင်းရဲ့၇၂ရာခိုင်နှုန်းခန့် ပစဖြစ်​နေ

သတင်း

စစ်ကိုင်းမြို့မှာ စစ်တပ်ရဲ့ လက်အောက်ခံ ရဲတပ်ရင်း(၁၆)အနီး ယာဥ်တန်းကင်းစောင့်ရင်း ပြည်သူတွေဆီက ငွေကြေးအတင်းအဓမ္မ တောင်းခံနေတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ဦး သေဆုံးကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက် မြို့တော်မှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန် တည်းခိုနေတဲ့ ဟိုတယ်နားမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Facebook