Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်္ဂလာဒုံ လေတပ်ဂိတ်နှင့် အမှတ်(၉၈၁)တပ်ဂိတ်ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဝင်များ ထိခိုက်မှု တစ်စုံတစ်ရာ သိရှိရခြင်းမရှိသေးသော်လည်း ရဲဘော်များအနေဖြင့် ထိခိုက်မှုမရှိ၊ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Last Battle (PDF) အဖွဲ့ တာဝန်ခံ သက္ကရာဇ်က ​ပြောသည်။

(မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ F-7 လေယာဉ်တစ်စီးကို စက်နှိုးစမ်းသပ်ရာ အင်ဂျင်မှတစ်ဆင့် စတင်မီးလောင်ကျွမ်းမှုဖြစ်သည်ကို ယခင်နှစ်က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ F-7 လေယာဉ်တစ်စီးကို စက်နှိုးစမ်းသပ်ရာ အင်ဂျင်မှတစ်ဆင့် စတင်မီးလောင်ကျွမ်းမှုဖြစ်သည်ကို ယခင်နှစ်က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ​၏ လေတပ်ဂိတ်နှင့် အမှတ် (၉၈၁)တပ်ဂိတ်တို့ကို ယမန်နေ့ (စက်တင်ဘာ ၂၈) ညပိုင်းတွင် မြို့ပြ​​ပြောက် ကျားတပ်ဖွဲ့များက အဝေးထိန်းဗုံးများဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြည်သူအချို့က ​ပြောသည်။

ယမန်နေ့ည ၉ နာရီဝန်းကျင်တွင် မင်္ဂလာဒုံမြို့နယ် ပြည်လမ်းမ၊ ကုလားကျောင်း မှတ်တိုင်အနီးရှိ စစ်ကောင်စီလေတပ်ဂိတ်အား War of Hunter Revolution Force (WOH) အဖွဲ့က အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ညက ၉ နာရီကျော်လောက်မှာ ဗုံးပေါက်သံ အကျယ်ကြီး တစ်ချက်ကြားလိုက်ရတယ်။ သူများတွေပြောမှ လေတပ်နားမှာ ပေါက်တယ် ဆိုတာ သိရတာပါ။ စစ်ကားတွေ သွားနေတဲ့ အသံတွေတော့ ကြားရတယ်။ ထိခိုက်မှုမရှိဘူးလို့တော့ သိရပါတယ် “ဟု မင်္ဂလာဒုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်မှု တစ်စုံတစ်ရာ မသိရသေးဘဲ အဖွဲ့သားများ ထိခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ကြောင်း WOH အဖွဲ့က ဆိုသည်။ ယခု စစ်ဆင်​ရေးသည် WOH အတွက် ငါးကြိမ်​မြောက်စစ်ဆင်​ရေး ဖြစ်သည်ဟု အဆိုပါအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေအနေနဲ့လည်း စခတွေနဲ့ ဝေးဝေးနေ ပေးပြီး သွေးမအေးသွားဘဲ တော်လှန်ရေးကို တူတူတိုက် ခိုက်ပေးကြပါအုန်း။ ကျွန်တော်တို့အဖွဲ့သားများအနေနဲ့ လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ အသက်ပေးပြီး တိုက်ခိုက်သွားပါမယ်”ဟု WOH မှ တော်လှန်ရေးရဲဘော် တစ်ဦးက ကတိပြုသည်။

ထို့အပြင် မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းခွဲ၊ အမှတ် (၃)လမ်းမရှိ အမှတ် (၉၈၁)တပ်ဂိတ်ကို ယမန်နေ့ည ၉ နာရီကျော်တွင် အဝေးထိန်း ဗုံးတစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Last Battle (PDF) အဖွဲ့မှတာဝန်ရှိသူက ​ပြောသည်။

ယခုစစ်ဆင်​ရေးသည် Last Battle(PDF)အတွက် ဒုတိယ​မြောက်စစ်ဆင်​ရေးဖြစ်ပြီး ပထမအကြိမ် မှာ စက်တင်ဘာ ၁၉ ရက် ညက ​မရမ်းကုန်းမြို့နယ်ရှိ​အောင်သ​ပြေ ရဲစခန်း၏ ဝန်ထမ်းလိုင်းခန်းကို အ​ဝေးထိန်းမိုင်းဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဝင်များ ထိခိုက်မှု တစ်စုံတစ်ရာ သိရှိရခြင်းမရှိသေးသော်လည်း ရဲဘော်များအနေဖြင့် ထိခိုက်မှုမရှိ၊ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Last Battle (PDF) အဖွဲ့ တာဝန်ခံ သက္ကရာဇ်က ​ပြောသည်။

ထို့အပြင် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ စီးပွားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး ထောက် တိုင်များ ၏ဝေးရာမှ ရှောင်ကြဉ်သွားလာကြပါရန်လည်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့်အတွက် ယနေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံ၊ ထောက်ကြန့်နှင့် မှော်ဘီမြို့အဝင်တို့၌ စစ်ကောင်စီဝင်များက အစစ်အဆေးများ ပိုမိုများပြားနေကြောင်း ဒေသခံပြည်သူများက ပြောသည်။

“မနက်က မှော်ဘီ အမှတ် (၄)ဂိတ်မှာရော၊ ထောက်ကြန့် တိုးဂိတ်မှာပါ စစ်သားတွေ အစစ်အဆေးတွေများနေတယ်။ ညက ဗုံးပေါက်တာတွေနဲ့ ဆိုင်တယ် ထင်တယ်။ ကားတွေပေါ်ပါ တက်တက်ကြည့်ကြတယ်”ဟု မှော်ဘီမှ ရန်ကုန်မြို့သို့ အလုပ်လာသူ ပြည်သူတစ်ဦးက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက် လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်ဟု ထပ် လောင်း အသိပေးထားသည်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။

သတင်း

​တော်လှန်​ရေးအဖွဲ့များက ယခင်​နေပြည်​တော်ရှိ ​လေတပ်နှင့် စစ်​ရေးပစ်မှတ်များကို​ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခဲ့ဖူးသည်။ ဒရုန်းဖြင့် တိုက်ခိုက်မှုမှာ ပထမဆုံးဖြစ်သည်။