Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရိက္ခာလာယူသည့် စစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးမှုများဟု ဒေသခံပြော

တောင်ပေါ်တပ်စခန်း၌ စစ်ကောင်စီအင်အားမည်မျှရှိသည်ကို မသိရသော်လည်း ရိက္ခာလာယူသည့် စစ်ကောင်စီတပ်မှာ အင်အား ၃၀ခန့်ရှိပြီး သေဆုံးထိခိုက်များသည်ဟု ၎င်းကဆိုသည်။

(စစ်ကောင်စီတပ် ပစ်ခတ်လိုက်၍ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် မောင်းဆွဲကျေးရွာရှိ နေအိမ်ထိမှန် ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Border News Agency)
(စစ်ကောင်စီတပ် ပစ်ခတ်လိုက်၍ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် မောင်းဆွဲကျေးရွာရှိ နေအိမ်ထိမှန် ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Border News Agency)

မြောက်ဦးတွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်၍ ကလေးငယ် နှစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်အစပ် တစ်နေရာရှိ တပ်စခန်းမှ စစ်ကောင်စီတပ်များ ရိက္ခာယူလာရောက်စဉ် ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့သည်ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

“ရန်ကုန်- စစ်တွေ ကားလမ်းဘေးလို့ပြောရမှာပေါ့။ ၂၀၁၉ တုန်းက ရခိုင်ပြည်နယ်မှာ ရက်အကြာဆုံးဖြစ်ခဲ့တဲ့ ဗုဒ္ဓေါတိုက်ပွဲဖြစ်ခဲ့တဲ့နေရာပေါ့။ အဲဒါက ရသေ့တောင်ရယ် ပုဏ္ဍားကျွန်းရယ် ကျောက်တော်ရယ် ဆုံတဲ့နေရာ။ အဲဒီနေရာမှာ အဲဒီကတည်းက စစ်တပ်က တောင်ပေါ်မှာ စခန်းချ တပ်စွဲထားတာရှိတယ်။ အဲဒီ အနီးပတ်ဝန်းကျင်မှာလည်း AAက အများကြီး ရှိတယ်။ သူတို့က မနေ့ကတည်းက အဲဒီကို ရိက္ခာတွေလာပို့တာ။ လာပို့တော့ ရိက္ခာလာပို့တဲ့ကား ၂စီးကို AAက သိမ်းသွားတယ်။ သိမ်းသွားတော့ ဒီနေ့ ထပ်လာပို့တာ ထပ်လာပို့တာကို အဲဒီတောင်ပေါ်က ဆင်းလာပြီးတော့ သူတို့ကလာယူတာ အဲဒီမှာ AAကနေ ကြားဖြတ်တိုက်တာလို့ ပြောလို့ရတာပေါ့” ဟု ရခိုင်ဒေသခံက ပြောသည်။

(စစ်ကောင်စီတပ် ပစ်ခတ်လိုက်၍ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် မောင်းဆွဲကျေးရွာရှိ နေအိမ်ထိမှန် ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Border News Agency)
(စစ်ကောင်စီတပ် ပစ်ခတ်လိုက်၍ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် မောင်းဆွဲကျေးရွာရှိ နေအိမ်ထိမှန် ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – Border News Agency)

တောင်ပေါ်တပ်စခန်း၌ စစ်ကောင်စီအင်အားမည်မျှရှိသည်ကို မသိရသော်လည်း ရိက္ခာလာယူသည့် စစ်ကောင်စီတပ်မှာ အင်အား ၃၀ခန့်ရှိပြီး သေဆုံးထိခိုက်များသည်ဟု ၎င်းကဆိုသည်။

“အဲဒီ အနီးပတ်ဝန်းကျင်က လူတွေကတော့ ဖြစ်ကတည်းက ပြေးသွားပြီ”ဟု ရခိုင်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ရခိုင်ဒေသ၌ စစ်ကောင်စီတပ်က ဒေသခံပြည်သူလူထုများအား လမ်းပန်းဆက်သွယ် ရေး ပိတ်ဆို့ခြင်း၊ စားနပ်ရိက္ခာ ပိတ်ဆို့ထားခြင်း၊ ဆေးဝါးသယ်ယူခွင့် ပိတ်ဆို့ထားခြင်းများ ပြုလုပ်သကဲ့သို့ AAကလည်း စစ်ကောင်စီတပ်ရင်း တပ်ဖွဲ့များအား ပိတ်ဆို့ကာ ရိက္ခာဖြတ်တောက်လျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“သူတို့ ရှိတဲ့ တပ်ရင်းတွေ ဗျူဟာတွေ တပ်စခန်းတွေ အနီးပတ်ဝန်းကျင်မှာ AAကနေပြီးတော့ သူတို့ထက် သာလွန်အင်အားတွေနဲ့ ဝိုင်းပြီးတော့ ပိတ်ဆို့ထားတယ်။ ရိက္ခာတွေ ဘာတွေ ပြတ်သွားပြီး ပိုင်ပြီဆိုမှ AAက ဝင်တိုက်ပြီးမှ အပိုင်သိမ်းတာ။ လက်ရှိရခိုင်မှာက AA အင်အား ဘယ်လောက်ရှိတယ် စစ်ကောင်စီ အင်အား ဘယ်လောက်ရှိတယ် အတိအကျ ပြောလို့မရပေမယ့်အင်အားမှာ AA ကအများကြီး သာနေတယ်လို့ မြင်နေရတယ်။ တိုက်ပွဲတွေမှာ ပါဝင်တဲ့ AA တပ်ဖွဲ့ဝင် အရေအတွက်ကို ခန့်မှန်းရသလောက်လေ”ဟု ရခိုင်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်ကလည်း စစ်အင်အား ပိုင်းအားနည်းသော်လည်း လက်နက်ကြီး ပစ်ကူများ၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသကဲ့သို့ နေရာဒေသ အတော်များများ၌ တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် ပစ်ခတ်လိုက်၍ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် မောင်းဆွဲကျေးရွာရှိ နေအိမ်ထိမှန် ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Border News Agency)
(စစ်ကောင်စီတပ် ပစ်ခတ်လိုက်၍ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် မောင်းဆွဲကျေးရွာရှိ နေအိမ်ထိမှန် ပျက်စီးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – Border News Agency)

“မြောက်ဦး မှာ လက်နက်ကြီး ပစ်လိုက်လို့ ကလေးလေးနှစ်ယောက် ဒဏ်ရာရသွားတာပေါ့။ ကလေးတွေက အခုထိ ဆေးရုံမရောက်သေးဘူး။ နှစ်ယောက်မှာ ကျောင်းတက်နေတဲ့ အကြီးမလေးက လည်ပင်းမှာ လက်နက်ကြီးကျည်စ ဝင်သွားလို့ နည်းနည်းစိုးရိမ်ရတယ်။ တိုက်ပွဲလည်းရှိတာမဟုတ်ဘဲ ဒီအတိုင်းပစ်ခတ်တာ။ အဲဒါက မြို့နယ်တိုင်းမှာ ဖြစ်တယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

မြောက်ဦးမြို့ပေါ်တွင်လည်း မိုင်းနင်းမိပြီး လူငယ်တစ်ဦး ခြေထောက်ပြတ်သွားကြောင်း ၎င်းက ပြောသည်။

“စစ်တွေကနေ နေဗီ နှစ်စီးနဲ့ မင်းပြားနဲ့ မြောက်ဦးဘက်ကို လက်နက်တွေ ရိက္ခာတွေနဲ့ သွားဖို့ အဆင်သင့်လုပ်နေတာကို သတင်းရတယ်။ ဒီအတိုင်း ဆက်သွားရင်တော့ လာမယ့် သီတင်းကျွတ် တန်ဆောင်မုန်း ဆောင်းဦးပေါက်ရာသီမှာတော့ ရခိုင်တစ်ပြည်နယ်လုံးမှာ တိုက်ပွဲတွေက နေ့ရော ညပါ ဖြစ်လာနိုင်တဲ့ အခြေအနေတွေ့တယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။