Connect with us

Hi, what are you looking for?

သတင်း

သင်္ကန်းဝတ် ပျူခေါင်းဆောင် ဦးဝါသဝလိုက်လာပါသောယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရ

ဖြစ်စဥ်နှင့်ပတ်သက်၍ Taze Revolution Force-TRFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သင်္ကန်းဝတ် ဦးဝါသဝပျူစောထီးများအား သင်တန်းပေးနေစဥ် ၊ဓာတ်ပုံ-Cj
သင်္ကန်းဝတ် ဦးဝါသဝပျူစောထီးများအား သင်တန်းပေးနေစဥ် ၊ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ဦးဝါသဝလိုက်လာပါသော ယာဥ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Taze Revolution Force-TRFက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ ၃ဝ ရက်) နံနက် ၁၁ နာရီခန့်က ကန့်ဘလူမြို့နယ်၊ တောက်ကရှပ်ရွာနှင့်မှော်တော်ရွာကြား ချောင်းအနောက်ဖက် လယ်ကျင်းလျှိုအနီးတွင် တပ်ရင်း – ၁၆(TRF) ထောင်ထားသည့် အဝေးထိန်းမိုင်းဖြင့် မှော်တော်ဆရာတော်ပျူခေါင်းဆောင် ဦးဝါသ၀လိုက်ပါလာသော ယာဥ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း TRFက အသိပေးသည်။

ဦးဝါသဝကားအား ဖောက်ခွဲခဲ့သောမိုင်း၊ ဓာတ်ပုံ-TRF
ဦးဝါသဝကားအား ဖောက်ခွဲခဲ့သောမိုင်း၊ ဓာတ်ပုံ-TRF

ထိုသို့တိုက်ခိုက်ရာတွင် ကားရှေ့ခန်းခေါင်းပျက်စီးပြီး ကားနှိုးမရ၍ အခြားယာဥ်အကူဖြင့်ကြိုးဆွဲကာ မှော်တော်ကျောင်းထဲ၀င်သွားသည်ဟုသိရကြောင်း၊ ထိခိုက်မှုများရှိနိုင်ကြောင်း TRFက ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Taze Revolution Force-TRFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

သင်္ကန်းဝတ် ပျူခေါင်းဆောင် ဦးဝါသဝသည် စစ်ကောင်စီတပ်နှင့်ပေါင်းကာ ကန့်ဘလူနယ်နှင့် တန့်ဆည်နယ်ရှိ ကျေးရွာများသို့ စစ်တပ်စည်းရုံးရေးဟောပြောခြင်း၊ ပျုအဖွဲ့များဖွဲ့စည်းပေးခြင်း၊ ပျူသင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ လက်နက်တပ်ဆင်ပေးကာ စစ်တပ်နှင့်အတူ ရွာစဥ်လှည့်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။