Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထုအမြောက်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပန်းဆန်ဒေသခံခြောက်ဦး ဒဏ်ရာရ

ဆောမြို့နယ် မိအယ်ကျေးရွာ၌ ရောက်ရှိနေသည့် အင်အား ၈၀ခန့်ရှိသည့် စစ်ကောင်စီတပ်သည် မိအယ်ကျေးရွာ အနောက်ဘက်သို့ ထွက်ခွာလာခြင်းဖြစ်သည်ဟု ဆိုသည်။

ကျောက်ထုအမြောက်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပန်းဆန်ဒေသခံခြောက်ဦး ဒဏ်ရာရ
ကျောက်ထုအမြောက်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပန်းဆန်ဒေသခံခြောက်ဦး ဒဏ်ရာရ

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုအမြောက်တပ်က ယမန်နေ့ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံပြည်သူ ခြောက်ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဆောမြို့နယ်ဒေသခံက ပြောသည်။

ကျောက်ထုမြို့အနီးရှိ ပန်းဆန်ရွာ၌ အောက်တိုဘာ ၂ရက်က ညပိုင်းက ဟောပြောပွဲ ပြုလုပ်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့ညကတော့ ပန်းဆန်မှာဟောပြောပွဲလုပ်နေတာ ဒလန်က သတင်းပေးလိုက်လို့ အမြောက်တပ်က လှမ်းထုလိုက်တာ ၃ချက်။ ခြောက်ယောက်ထိသွားတယ်။ နှစ်ယောက်ကတော့ အပြင်းအထန် ဆိုတော့ ဆေးရုံပို့လိုက်ရတယ်။ထိတာက ပြည်သူတွေထိတာ” ဟု ဒေသခံက ပြောသည်။

ဒဏ်ရာရသူများအနက် အမျိုးသမီး သုံးဦး ပါဝင်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်များသည် ယနေ့တွင်လည်း ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှားမှုများ ရှိနေကြောင်း ယောအလင်းတန်း က သတင်းထုတ်ပြန်ထားသည်။

ဆောမြို့နယ် မိအယ်ကျေးရွာ၌ ရောက်ရှိနေသည့် အင်အား ၈၀ခန့်ရှိသည့် စစ်ကောင်စီတပ်သည် မိအယ်ကျေးရွာ အနောက်ဘက်သို့ ထွက်ခွာလာခြင်းဖြစ်သည်ဟု ဆိုသည်။

“နှော်၊ လယ်ဆော၊ ကြီး ကျေးရွာတွေဘက် ရောက်လာနိုင်သလို ပန်းဆန်၊ သရက်ချဉ် ကျေးရွာဘက်လည်း ရောက်လာနိုင်ပါတယ်။ အနီးအနား ကျေးရွာ မိဘပြည်သူများ လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို အထူးဂရုစိုက်ကြပါ”ဟု ယောအလင်းတန်းက သတိပေးထားပြီး လက်ရှိ အခြေအနေအရ ကျောက်ထု – ထီးလင်း ကားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာခြင်းမပြုရန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

Facebook