Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကြံ့ခိုင်ရေးဥက္ကဋ္ဌနေရာ ထပ်မပြိုင်တော့ဘဲ ဦးသန်းဌေး အနားယူသွား

ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ခွဲကျော်အကြာ မှာတော့ ခေါင်းဆောင်မှုဆိုင်ရာဝေဖန်မှုတွေပြင်းပြင်းထန်ထန်ကြုံလာရပြီး ပါတီဥက္ကဋ္ဌနေရာက ဦးသန်းဌေးဆင်းပေးလိုက်ရပါတယ်။

ဓာတ်ပုံ − USDP/FB
ဓာတ်ပုံ − USDP/FB

ကြံခိုင်ရေးပါတီဥက္ကဋ္ဌ နေရာအတွက် ပြန်လည်အရွေးမခံတော့ဘဲ အနားယူတော့မယ်လို့ ဒီနေ့ မနက်ပိုင်းနေပြည်တော်မှာကျင်းပတဲ့ ပါတီညီလာခံမှာ ဦးသန်းဌေးက ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲ နိုင်အောင် ဦးမဆောင်နိုင်ခဲ့တာ ၊ပါတီဝင် ၂ထောင်ကျော် အသတ်ခံရတာကို ထိရောက်တဲ့အကာအကွယ်မပေးနိုင်တာ ၊ ၇ နှစ်ကြာ ခံစားနေရတဲ့ ခါးဝေဒနာတွေ ကြောင့် ပါတီဥက္ကဋ္ဌ နေရာ ပြန်အရွေးမခံတော့တာလို့ ဦးသန်းဌေးက အကြောင်းပြထားပါတယ်။

Public Service Announcement

Public Service Announcement

ပါတီကနေ အနားယူရတာဟာ အွန်လိုင်းကနေ တိုက်ခိုက်မှုတွေကြောင့်နှုတ်ထွက်တာမဟုတ်ကြောင်းကိုလည်း ဦးသန်းဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဦးသန်းဌေးရဲ့ ခေါင်းဆောင်မှုအပေါ် ပါတီတွင်း ဝေဖန်မှုတွေရှိခဲ့ပြီး ကြံခိုင်ရေးကိုယ်စားလှယ်ဟောင်း မင်းကင်းဦးမောင်မြင့်ကဆိုရင် ညံဖျင်းတဲ့ ခေါင်းဆောင်မှုကိုလဲပစ်ရမယ်လို့ လူမှုကွန်ရက်မှာဗြောင်ကျကျ ပြောဆိုတာတွေရှိခဲ့ပါတယ်။

ဦးသန်းဌေးဟာ ကိုဗစ်ကပ်ရောဂါ ကြား လူထု တခဲနက် လမ်းပေါ်ထွက်ပြီး မဲပေးကြတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပပြီးလို့ ၂ ရက်ကြာတဲ့အထိ ရလဒ်ကိုလက်မခံနိုင်သေးဘူးလို့လူသိရှင်ကြားထုတ်ပြောခဲ့သူပါ။

Public Service Announcement

Public Service Announcement

ဒါအပြင် ကြံခိုင်ရေးကိုယ်စားလှယ်တွေကို လည်း ရွေးကောက်ပွဲ အနိုင် ၊အရှုံး မဲစာရင်းပုံစံ ၁၉ လက်မှတ်မထိုးကြဖို့ ညွှန်ကြားခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ခွဲကျော်အကြာ မှာတော့ ခေါင်းဆောင်မှုဆိုင်ရာဝေဖန်မှုတွေပြင်းပြင်းထန်ထန်ကြုံလာရပြီး ပါတီဥက္ကဋ္ဌနေရာက ဦးသန်းဌေးဆင်းပေးလိုက်ရပါတယ်။

ဦးသန်းဌေးအနားယူသွားပြီးနောက် ပါတီယာယီ ဥက္ကဋ္ဌ ဖြစ်လာသူ ဦးခင်ရီဟာ ပါတီဥက္ကဋ္ဌ သစ်ဖြစ်လာဖို့ရှိနေပါတယ်။