Connect with us

Hi, what are you looking for?

သတင်း

မြဝတီ – ဝေါ်လေလမ်း၌ တိုက်ပွဲ နှစ်နေရာဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဟု ကော်ဘရာ စစ်ကြောင်း အသိပေး

ယမန်နေ့ တိုက်ပွဲများအတွင်း ကော်ဘရာ စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်ကျဆုံးမရှိကြောင်း အသိပေးထားသည်။

ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ(၆) နယ်မြေ မြ၀တီ – ဝေါ်လေလမ်း၌ ယမန်နေ့က တိုက်ပွဲ နှစ်နေရာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သုံးဦးသေဆုံးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အဆိုပါလမ်းရှိ လူခို့ ဒေသသို့ ကျူးကျော်လာသောအကြမ်းဖက် စစ်ကောင်စီ၏ တပ်ရင်း တပ်ဖွဲ့များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ရင်း (၂၇) ကော်ဘရာ ပူးပေါင်းစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂)တို့ တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၅ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သကဲ့သို့ ပူးပေါင်းတပ်ဖွဲ့များကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်း ပြုလုပ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီဘက်မှ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ တောင်နီးကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခမရ (၁၀၄)အား ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ နေ့လည်ပိုင်း၌ စနိုက်ပါဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ တိုက်ပွဲများအတွင်း ကော်ဘရာ စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်ကျဆုံးမရှိကြောင်း အသိပေးထားသည်။

အဆိုပါ မြ၀တီ -ဝေါ်လေလမ်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လေကြောင်းပစ်ကူများအသုံးပြုတိုက်ခိုက်လျက်ရှိသော်လည်း ကော်ဘရာ စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များကို ချေမှုန်းနိုင်ခြင်းမရှိဘဲ စစ်ကောင်စီတပ်ဘက်က အထိနာလျက်ရှိသည်။

ထိုသို့ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများပြားနေခြင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းမှု၊ နယ်မြေမကျွမ်းကျင်မှု ၊ တိုက်ခိုက်ရေး အရ ညံဖျင်းမှု တို့ကြောင့် ဖြစ်သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

“သူတို့ စီမံကွပ်ကဲမှု ညံ့လို့ သူတို့လူတွေက တိုက်ပွဲမှာလည်း ကျသွားတယ်။ နောက်ပြီးတော့ တပ်ပြေးတွေလည်းများလာတယ်။ ပြောရမယ်ဆို သူတို့ဘက်က အထိနာတာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်သည် အခြားဒေသများနည်းတူ ကရင်ဒေသတိုက်ပွဲများ၌ လူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိကြောင်း ၎င်းကဆက်​ပြောသည်။

စစ်​ကောင်စီတပ်က ​ကော်ဘရာစစ်​ကြောင်းထိန်းချုပ်စိုးမိုးထား​​သော မြဝတီ-​ဝေါ​လေလမ်းပိုင်းကို ရရှိရန် ပြီးခဲ့သည့်ဇူလိုင်လဆန်းမှ စ၍ ရင်ဆိုင် တိုက်ပွဲကြီး တိုက်ပွဲငယ် အကြိမ် (၂၀) ထက်မနည်း တိုက်ခိုက်ခဲ့​သည်။သို့သော်လည်း စစ်​ကောင်စီတပ်မှ အရာရှိအပါအဝင် စစ်သားများ၊​သေဆုံးဒဏ်ရာရခြင်း ၊CDM ပြုလုပ်ခြင်း ၊တပ်ပျက်၍ အရာရှိများအ​ရေးယူခံရသည်အထိ အထိနာခဲ့သည်။

“စစ်ကောင်စီအနေနဲ့ ရှေ့ဆက်တိုးနေသမျှ ကာလပတ်လုံး လုံးပါးပါးပြီး တပ်ပါ ပျောက်နိုင်တယ်။” ဟု​ကော်ဘရာစစ်​ကြောင်းမှ ပြန်ကြား​ရေးတာဝန်ခံ ကိုမျိုးသူရကိုကိုက​​အောက်တိုဘာ၄ ရက်တွင် People’s Spring သို့ပြောသည်။

သုံးလ​ဝန်းကျင်ကြာတိုက်ပွဲများတွင်စစ်​ကောင်စီတပ်က ​လေ​ကြောင်းတိုက်ခိုက်မှု ၊​လေ​ကြောင်းကြည်း​ကြောင်းပူး​ပေါင်းတိုက်ခိုက်မှု စသဖြင့်ဗျူဟာမျိုးစုံသုံးခဲ့​သော်လည်းစစ်တပ်ပင်အထိနာ​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။