Connect with us

Hi, what are you looking for?

သတင်း

စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီတပ်သားတစ်ဦး ထပ်သေဟု ကော်ဘရာစစ်ကြောင်းအသိပေး

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း စစ်မြေပြင်သတင်း အတည်ပြုချက်ရရှိသည်ဟု ထုတ်ပြန်ထားပြီး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

(ကော်ဘရာစစ်ကြောင်းမှ စနိုက်ပါဖြင့် ပစ်ခတ်နေသော ရဲဘော်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကော်ဘရာစစ်ကြောင်းမှ စနိုက်ပါဖြင့် ပစ်ခတ်နေသော ရဲဘော်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️၁၀ရက်အတွင်း စစ်ကောင်စီတပ် ၂၅ဦးထက်မနည်းသေဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ မြ၀တီ – ဝေါ်လေလမ်း တောင်နီရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၉ ရက်တွင် တောင်နီရွာအနီးရှိ စစ်ကောင်စီ၏ ခမရ(၁၀၄) တပ်အား KNLA တပ်ရင်း (၂၇)ကော်ဘရာစစ်ကြောင်း၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ(၂)တို့မှ လက်ဖြောင့် စနိုက်ပါ စစ်သည်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း စစ်မြေပြင်သတင်း အတည်ပြုချက်ရရှိသည်ဟု ထုတ်ပြန်ထားပြီး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

အဆိုပါဒေသတွင် ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါများ အသုံးပြု တိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၂၀ရက်မှ ယနေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက နေ့အလိုက်သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။