Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ် ဇော်ချောင်းရွာ လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရ၊ တစ်ရွာလုံး အိမ်ခြေအနည်းငယ်သာကျန်တော့

ဇော်ချောင်းရွာအပါအဝင် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိရွာများသည် စစ်ကြောင်းဆက်တိုက်ဝင်ရောက် ဖျက်ဆီးခံရခြင်းကြောင့် ထွက်ပြေးနေရသည့် ပြည်သူအရေအတွက် တစ်နေ့တခြားပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

ဇော်ချောင်းရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ဇော်ချောင်းရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဇော်ချောင်းကျေးရွာအား စစ်ကောင်စီတပ်က လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၂လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

အောက်တိုဘာ ၆ ရက်က ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ဇော်ချောင်းရွာအား စစ်ကောင်စီ၏ ခမရ(၃၆၃)က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး နေအိမ် ၄၂လုံး မီးလောင်ခဲ့ပြီး ယခင်အကြိမ်များအပါအဝင်စုစုပေါင်း ၁၃၉ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ဇော်ချောင်းရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ဇော်ချောင်းရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

“မီးရထား ဘူတာနဲ့နီးတဲ့ဟာလေးတွေပဲကျန်တာ။ အကုန်ရှို့သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဇော်ချောင်းရွာကို ယခုနှစ်နှစ်လယ်ပိုင်းက နေအိမ်တစ်လုံးကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ဇွန်လ ၈ ရက်တွင် အိမ်ခြေ(၉၃)လုံး၊ ​အောက်တိုဘာ ၄ ရက်က အိမ်ခြေ သုံးလုံး၊ စုစုပေါင်းအိမ်ခြေ (၉၇)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ဇော်ချောင်းရွာအပါအဝင် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိရွာများသည် စစ်ကြောင်းဆက်တိုက်ဝင်ရောက် ဖျက်ဆီးခံရခြင်းကြောင့် ထွက်ပြေးနေရသည့် ပြည်သူအရေအတွက် တစ်နေ့တခြားပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိကန့်ဘလူမြောက်ခြမ်းမှ ဇော်ချောင်း၊သင်တော၊လွင်ကြီး၊အလယ်ခုံ၊ယောကုန်း၊သေတ္တာနှင့်အောက်တဲရွာ စုစုပေါင်း(၇)ရွာမှ ပြည်သူ ခုနစ်ထောင် ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။