Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ် ဇော်ချောင်းရွာ လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရ၊ တစ်ရွာလုံး အိမ်ခြေအနည်းငယ်သာကျန်တော့

ဇော်ချောင်းရွာအပါအဝင် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိရွာများသည် စစ်ကြောင်းဆက်တိုက်ဝင်ရောက် ဖျက်ဆီးခံရခြင်းကြောင့် ထွက်ပြေးနေရသည့် ပြည်သူအရေအတွက် တစ်နေ့တခြားပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

ဇော်ချောင်းရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ဇော်ချောင်းရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဇော်ချောင်းကျေးရွာအား စစ်ကောင်စီတပ်က လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၂လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

အောက်တိုဘာ ၆ ရက်က ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ဇော်ချောင်းရွာအား စစ်ကောင်စီ၏ ခမရ(၃၆၃)က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး နေအိမ် ၄၂လုံး မီးလောင်ခဲ့ပြီး ယခင်အကြိမ်များအပါအဝင်စုစုပေါင်း ၁၃၉ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ဇော်ချောင်းရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ဇော်ချောင်းရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

“မီးရထား ဘူတာနဲ့နီးတဲ့ဟာလေးတွေပဲကျန်တာ။ အကုန်ရှို့သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဇော်ချောင်းရွာကို ယခုနှစ်နှစ်လယ်ပိုင်းက နေအိမ်တစ်လုံးကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ဇွန်လ ၈ ရက်တွင် အိမ်ခြေ(၉၃)လုံး၊ ​အောက်တိုဘာ ၄ ရက်က အိမ်ခြေ သုံးလုံး၊ စုစုပေါင်းအိမ်ခြေ (၉၇)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ဇော်ချောင်းရွာအပါအဝင် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိရွာများသည် စစ်ကြောင်းဆက်တိုက်ဝင်ရောက် ဖျက်ဆီးခံရခြင်းကြောင့် ထွက်ပြေးနေရသည့် ပြည်သူအရေအတွက် တစ်နေ့တခြားပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိကန့်ဘလူမြောက်ခြမ်းမှ ဇော်ချောင်း၊သင်တော၊လွင်ကြီး၊အလယ်ခုံ၊ယောကုန်း၊သေတ္တာနှင့်အောက်တဲရွာ စုစုပေါင်း(၇)ရွာမှ ပြည်သူ ခုနစ်ထောင် ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။