Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတို​က်ခိုက်

စစ်ကောင်စီတပ်သည် ၁နာရီခန့်ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတို့ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေမသိရသေးဘဲ ရုတ်တရက်လာရောက်ပစ်ခတ်ခဲ့သည့်အတွက် ရွာနေပြည်သူအများစု ကျေးရွာအတွင်း​၌ ပိတ်မိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဝက်လက်နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတို​က်ခိုက်
ဝက်လက်နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတို​က်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၈ ရက်) မွန်းလွဲ ၁၂ နာရီခွဲခန့်က ဝက်လက်နယ်အရှေ့ခြမ်းရှိ ရွှေကျင်ကျေးရွာ၊ဘုရားလေးကုန်းရွာ၊ ငါးပန်​ချောင်းကျေးရွာများသို့ စစ်ကောင်စီတပ်က Jet Fighter ယာဥ် (၂)စီးဖြင့် ဗုံးကြဲခဲ့ကြောင်း၊ ထို့အပြင် Mi-35 နှစ်စီးဖြင့် ပစ်ခတ်၍ Mi-17 (၄)စီးဖြင့် လူချခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အရင်ရက်တွေကတည်းက နေ့ရောညရောထောက်လှမ်းရေးဒုန်းတွေဝဲနေတာပါ။ တည်နေရာရှာသွားတဲ့သဘောပါ။ ဂျက်ဖိုက်တာနှစ်စီး၅ခါပြန် ဗုံးချဲသွားတာပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ၁နာရီခန့်ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတို့ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေမသိရသေးဘဲ ရုတ်တရက်လာရောက်ပစ်ခတ်ခဲ့သည့်အတွက် ရွာနေပြည်သူအများစု ကျေးရွာအတွင်း​၌ ပိတ်မိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညကလည်း ဝက်လက်မြို့နယ်နှင့်ဆက်နေသည့် စစ်ကိုင်းမြို့နယ် ဆားတောင်မြို့အရှေ့ဘက် သစ္စာ‌ရွှေဂူဘုရားကုန်းတော်ပေါ်ရှိ စစ်ကောင်စီတပ်သည် အနီးနားရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လင်းယဉ်ရွာတောင်ဘက်တွင်တစ်လုံး၊ ရွာသစ်ရွာအနောက်ပိုင်းတွင် နှစ်လုံးကျရောက်ပေါက်ကွဲသွားခဲ့ကြောင်း၊ ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။