Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးရဲစခန်းမှ ရဲတပ်သားတစ်ဦး သေနတ် နှစ်လက်ယူလာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာ၍ ကျပ်သိန်း၁၀၀ ချီးမြှင့်

“ရန်သူ့လက်နက်ကို ပြည်သူ့ထံသို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြင့် စွမ်းစွမ်းတမံ လုပ်ဆောင်မှုအပေါ် အထူးလေးစားဂုဏ်ပြုအပ်ပါသည်”ဟု CDF ဆဲန်ထန်က ထုတ်ပြန်သည်။

▪︎CDF ဆဲန်ထန်ထံပူး​ပေါင်းလာ​သောစစ်သားနှင့် ရဲ ၁၂ ဦးရှိလာ

ချင်းပြည်နယ် ဟားခါးမြို့မ ရဲစခန်းမှ ရဲတပ်သား တစ်ဦးသည် သေနတ် နှစ်လက်ဖြင့် ပြည်သူ့ရင်ခွင်သို့ လာရောက်ပူးပေါင်းလာကြောင်း ဟားခါးမြို့နယ်ရှိ ချင်းကာကွယ်ရေးတပ်(CDF) – ဆဲန်ထန်က သတင်းထုတ်ပြန်သည်။

ဟားခါးမြို့မ ရဲစခန်းမှ ရဲဘော် မောင်နီမန်သည် အောက်တိုဘာ ၈ရက်တွင် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိ CDF(ဆဲန်ထန်) ထံ စစ်သား ၁၁ ဦး နှင့်ရဲတပ်သား တစ်ဦး စုစုပေါင်း ၁၂ ဦး CDMဝင်ရောက်ခဲ့ပြီး ဖြစ်သည်ဟု CDF(ဆဲန်ထန်)က တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုပြည်သူ့ရင်ခွင်ခိုလှုံ​သောရဲတပ်သားအနေဖြင့်သေနတ်နှစ်လက်ကျည်များယူဆောင်လာကြောင်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ရန်သူ့လက်နက်ကို ပြည်သူ့ထံသို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြင့် စွမ်းစွမ်းတမံ လုပ်ဆောင်မှုအပေါ် အထူးလေးစားဂုဏ်ပြုအပ်ပါသည်”ဟု CDF ဆဲန်ထန်က ထုတ်ပြန်သည်။

ထိုသို့ လာရောက်ပူးပေါင်းသည့် ပြည်သူ့ရဲအား နွေးထွေးစွာ ကြိုဆိုပြီး ဆုငွေ ကျပ်သိန်း ၁၀၀ ပေးအပ်ချီးမြှင့်ပြီး လုံခြုံရာသို့ ပို့ဆောင်ပေးပြီးဖြစ်သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်မြို့နယ်တွင်းရှိ စစ်သား၊ရဲနှင့်ပျူစောထီးများ စစ်ကောင်စီလက်အောက်မှထွက်၍ အလင်းဝင်လိုပါက နီးစပ်ရာ မြိုင်ပကဖ ဇုန်၊တိုက်နယ်၊ရပ်ကျေးအဖွဲ့ဝင်များထံ ဆက်သွယ် နိုင်ကြောင်း ပကဖက အသိပေးထားသည်။

မေးမြန်းခန်း

ဘုံဇုံးစခန်းသိမ်းတိုက်ပွဲအခြေအနေကိုချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်မှူးတစ်ဦးကို People's Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီလက်အောက်ခံ Non CDM များ အလင်းဝင်ရန် တိုက်တွန်းချက်များ ဆက်တိုက်ထုတ်ပြန်နေသည်။

သတင်း

Southern YSO PDFသည် ထပ်မံ၍ လက်နက်အပ်အလင်းဝင်ရောက်မည့် စစ်ကောင်စီတပ်သားများအား နွေးထွေးစွာကြိုဆိုနေကြောင်း အသိပေးထားသည်။