Connect with us

Hi, what are you looking for?

သတင်း

မတူပီ – ဟားခါးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် CDF တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား သုံးဦးသေ

တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သောကြောင့်မတူပီ-ဟားခါးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် ပြည်သူများသို့ CDFက တိုက်တွန်းသည်။

(ရှေ့တန်းတိုက်ပွဲတစ်နေရာတွင် တွေ့ရသာ CDF -Matupi ရဲဘော်များ၊ဓာတ်ပုံ - CDF -မတူပီ)
(ရှေ့တန်းတိုက်ပွဲတစ်နေရာတွင် တွေ့ရသာ CDF -Matupi ရဲဘော်များ၊ဓာတ်ပုံ - CDF -မတူပီ)

မတူပီ – ဟားခါးလမ်းပိုင်းတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း CDF – မတူပီက ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၂၄ ရက်) နံနက် ၇ နာရီတွင်မတူပီအခြေစိုက် ခလရ(၁၄၀) တပ်ရင်းမှ ​မတူပီ-ဟားခါးလမ်းဖက်ကို နယ်မြေရှင်းလင်းရေးပြုလုပ်လာစဥ် CDF တို့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်သား သုံးဦးသေဆုံး ပြီး အများအပြားဒဏ်ရာရရှိကြောင်း ဖော်ပြသည်။

“ရန်သူက အင်အား ၅၀ လောက်နဲ့တက်လာတာကို ကျွန်တော်တို့ ကြိုသတင်းရလို့ စောင့်တိုက်နိုင်ခဲ့တာ။တိုက်ပွဲက နာရီဝက်လောက်ကြာခဲ့တယ်”ဟု CDF – မတူပီတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

CDF- မတူပီ ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အသိပေးသည်။

တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သောကြောင့်မတူပီ-ဟားခါးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် ပြည်သူများသို့ CDFက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။