Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမြို့နယ် တိုက်နယ်ရဲစခန်း ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်ကလည်း ဝမ်းတွင်းမြို့နယ် ယာယီစခန်းမှူးအား ဝမ်းတွင်းအခြေစိုက် WTRFအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သေးသည်။

ရွှေတောင်တိုက်နယ်ရဲစခန်းအား တွေ့ရစဉ်၊ဓာတ်ပုံ-Cj
ရွှေတောင်တိုက်နယ်ရဲစခန်းအား တွေ့ရစဉ်၊ဓာတ်ပုံ-Cj

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ရွှေတောင်တိုက်နယ်ရဲစခန်း ဒရုန်းဖြင့် ဗုံးသုံးကြိမ်ချတိုက်ခိုက်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (အောက်တိုဘာ၁၁ ရက်)နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ရဲစခန်းကို ဒရုန်းဖြင့်သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခံရပြီး မည်သည့်အဖွဲ့က လုပ်ဆောင် သွားသည်ကို မသိရသေးကြောင်း Voice Of Wundin က ပြောသည်။

Public Service Announcement
Public Service Announcement

“စခန်းထဲမှာ ငိုယိုအော်ဟစ်နေကြတာ ညံနေတာပဲတဲ့ဗျာ။ ရွှေတောင်တန်းဝါးဆိုင်မှာ ကင်းပုန်းများရှိပါတယ်။ ဘယ်အဖွဲ့စည်းက ကျဲသွားသည်ဆိုတာတော့မသိရသေးပါ။”ဟု Voice Of Wundin က ပြောသည်။

စခန်းအတွင်းရှိ စာရေးနှင့် နယ်ထိန်းတစ်ဦးအား ကားဖြင့်တင်ဆောင်သွားပြီး သေဆုံးမှုအခြေအနေမသိရသေးကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒရုန်းနဲ့တဲ့။ အရှေ့မြောက်ကလာလို့ အခု ကျားသေကန်ဘက်ကို သွားကုန်ကြတယ်တဲ့။အခုရွှေတောင်မှာ စခရခ အင်အားခန့်မှန်း လေးငါးဆယ် ရောက်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်ကလည်း ဝမ်းတွင်းမြို့နယ် ယာယီစခန်းမှူးအား ဝမ်းတွင်းအခြေစိုက် WTRFအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။