Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း YDF ရဲဘော်နှစ်ဦး ကျဆုံး

အောက်တိုဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ယောကာကွယ် ရေးတပ် – YDFမှ အသက် (၂၁)နှစ်အရွယ် ရဲဘော် ညီဖြိုး (ခ)ဖြိုးဝေစိုးနှင့် အသက်(၂၄)နှစ်အရွယ် ရဲဘော် ပွားလေး (ခ) ပြည့်ဖြိုးလင်းတို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ယောကာကွယ်ရေးတပ် – YDF က အသိပေးသည်။

ကျဆုံးရဲဘော်နှစ်ဦး၏ နာရေးအားတွေ့ရစဥ်၊ဓာတ်ပုံ-YDF
ကျဆုံးရဲဘော်နှစ်ဦး၏ နာရေးအားတွေ့ရစဥ်၊ဓာတ်ပုံ-YDF

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ယောကာကွယ်ရေးတပ် – YDFမှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ယောကာကွယ် ရေးတပ် – YDFမှ အသက် (၂၁)နှစ်အရွယ် ရဲဘော် ညီဖြိုး (ခ)ဖြိုးဝေစိုးနှင့် အသက်(၂၄)နှစ်အရွယ် ရဲဘော် ပွားလေး (ခ) ပြည့်ဖြိုးလင်းတို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ယောကာကွယ်ရေးတပ် – YDF က အသိပေးသည်။

ရဲဘော် ညီဖြိုး (ခ) ဖြိုးဝေစိုးနှင့် ရဲဘော် ပွားလေး (ခ) ပြည့်ဖြိုးလင်းတို့သည် ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း အမိနိုင်ငံတော်အတွက်အသက်ကို ပေးလှူခဲ့ကြောင်း၊ ယောကာကွယ်ရေးတပ် – YDF က ယူကျုံးမရ ဖြစ်ရပြီး ၎င်းတို့၏ ပေးဆပ်မှုအတွက် ဂုဏ်ယူမိကြောင်း၊ ဆက်လက်၍ မပြီးပြတ်သေးသော အာဏာရှင် စနစ်တော်လှန်ရေးကို ပြီးဆုံးအောင် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ယောကာကွယ်ရေးတပ်ဖွဲ့က ကတိသစ္စာ ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook